Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာ
DVB
·
April 19, 2018
  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီ ၁၉ရက် ဒီမနက် ၈နာရီမှာ ဗီယက်နမ်နိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီး ထွက်ခွာသွားပါတယ်။ ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်စွမ်းဖုရဲ့ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီးသွားတာဖြစ်ပြီး  နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ အထူးလေယာဉ်နဲ့ ထွက်ခွာသွား တာလို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမင်းသူ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဆက်အောင်နဲ့  နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိပုဂ္ဂိုလ်တွေလိုက်ပါသွားကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၇ နိုဝင်ဘာလက အာဆီယံနိုင်ငံခေါင်းဆောင်တွေနဲ့ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေပက်) အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေ သီးသန့်တွေ့ဆုံပွဲ တက်ရောက်ဖို့ ဗီယက်နမ်နိုင်ငံကို သွားရောက်ခဲ့ဖူးပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024