Live
Home
သတင်းဓာတ်ပုံ
တမူးခရိုင် ခမ်းပါတ်မြို့တွင် ခေါင်းဆေးမင်္ဂလာပွဲကို နှစ်စဉ်ရိုးရာမပျက်ကျင်းပ (ဓာတ်ပုံ)
DVB
·
April 18, 2018
  စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့၊ အမှတ် ၅ ရပ်ကွက်မှာ ကြီးငယ်လတ်မရွေး ရိုးရာမပျက် ခေါင်းဆေးမင်္ဂလာကို မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ်ရဲ့ ပထမနေ့ရက်ဖြစ်တဲ့ နှစ်ဆန်း တစ်ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ လူကြီးလူငယ်မရွေး တလျော်ကင်ပွန်းစစ်စစ်နဲ့ ခေါင်းလျှော်ခြင်း၊ ခြေသည်းလက်သည်း ညှပ်ခြင်း၊ ဆံပင်ညှပ်ခြင်း၊ သနပ်ခါးလိမ်းကျံပေးခြင်းတို့ကို လူငယ်အဖွဲ့ကနေ ကုသိုလ်ယူ ပြုလုပ်ခဲ့ကြတာပါ။ ဒီလို အစဉ်အလာကို ခမ်းပတ်လူငယ်တွေ ပေါင်းပြီး နှစ်စဉ်ပြုလုပ်ကြတာဖြစ်ပြီး ဒီလို လုပ်တာဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ ဂါရဝတရားရဲ့ ချစ်ခင်ဖွယ်ဓလေ့ကို ဖော်ပြနိုင်တာကြောင့် ကုသိုလ်လည်းရ ပျော်လည်း ပျော်စရာကောင်းတယ်လို့ လူငယ်တဦးက ဆိုပါတယ်။ သတင်း - မင်းရဲစစ်နိုင်၊ ဓာတ်ပုံ - လင်းဆက်ပိုင်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024