ဆရာတော်ဦးနန္ဒသာရနှင့် ကိုခိုင်နီမင်းတို့ ပြန်လည်လွတ်မြောက်
DVB
·
April 17, 2018
ရက္ခိုင့်တပ်မတော်ဖလား ခေါင်းစဉ်နဲ့ ဘောလုံးပွဲကျင်းပခဲ့လို့ ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ဆရာတော်ဦးနန္ဒသာရနဲ့ ကိုခိုင်နီမင်းတို့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ စစ်တွေအကျဉ်းထောင်မှ ဒီနေ့ ပြန်လည်လွတ်မြောက်လာပါတယ်။
၂၀၁၇ ဧပြီ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ၈ နှစ်မြောက် ရက္ခိုင့်တပ်မတော်နေ့မှာ ရက္ခိုင့်တပ်မတော်ဖလား ခေါင်းစဉ်နဲ့ ဘောလုံးပွဲ ကျင်းပခဲ့လို့ မတရားအသင်းအက်ဥပဒေနဲ့ ငြိစွန်းတယ်ဆိုပြီး ပုဒ်မ ၁၇(၁) နဲ့ အာဏာပိုင်တွေက ဆရာတော်နဲ့ ခိုင်နီမင်းတို့ကို ဖမ်းဆီးခံရပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ရတာပါ။
စစ်တွေအကျဉ်းထောင်ကနေ အကျဉ်းသူ၊ အကျဉ်းသား ၈၇ ဦးကို ဒီနေ့ လွှတ်ပေးလိုက်တာဖြစ်ပါတယ်။
မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အနေနဲ့ နိုင်ငံတ၀န်း အကျဉ်းထောင်တွေက အကျဉ်းသူ၊ အကျဉ်းသား ၈၄၉၀ ဦးကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အမိန့်နဲ့ ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာပါ။
သတင်း-ဓာတ်ပုံ - ဝဏ္ဏခွာညို