Sunday, May 28, 2023
HomeLead Storyဆီးရီးယားက ဆေးရုံတက်လူနာများ ဓာတုအဆိပ်သင့်လက္ခဏာမတွေ့ဟု ဆရာဝန်ပြော

ဆီးရီးယားက ဆေးရုံတက်လူနာများ ဓာတုအဆိပ်သင့်လက္ခဏာမတွေ့ဟု ဆရာဝန်ပြော

ဆီးရီးယားနိုင်ငံ ဒူမာမြို့ဆေးရုံကို တက်ရောက်တဲ့ လူနာတွေမှာ ဓာတုအဆိပ်သင့်တဲ့ လက္ခဏာ မတွေ့ရဘူးလို့ ဆေးရုံဝန်ထမ်းတဦးက ဧပြီ ၁၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဓာတုလက်နက်နဲ့ တိုက်ခိုက်ခံရတယ်လို့ သံသယရှိတဲ့နေရာဟာ ဒူမာမြို့ ဆင်ခြေဖုံးရှိ အာဇာနည်ရင်ပြင်အနီး တိုက်တန်းနေရာဖြစ်ပါတယ်။

ဆေးရုံအလုပ်သင်ဆရာဝန်က “ပြီးခဲ့တဲ့ စနေနေ့တုန်းက ပုန်းခိုနေတဲ့ နေရာက ဖုန်မှုန့်တွေ၊ မီးခိုးတွေကြောင့် အသက်ရှူလမ်းကြောင်းရောဂါနဲ့ လူနာတွေ ရောက်လာခဲ့ပါတယ်။ ကျနော်တို့ အဲဒီလူနာတွေကို ကုသပေးခဲ့ပါတယ်။

“ဒါပေမယ့် တချို့လူတွေက လူနာတွေကို ရေဖျန်းကြတယ်။ ကျနော်တို့က ဘာမှ မဖြစ်ဘူးပြောပေမယ့် အဲဒီဗွီဒီယိုဖိုင်က ပျံ့နှံ့သွားတယ်။ အဲဒီတုန်းက ပုံမှန်မဟုတ်တာ ဘာမှမရှိဘူးလို့ ဆရာဝန်တွေ အကုန်လုံးက ပြောခဲ့ပါတယ်” လို့  ပြောခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်လို့ ဓာတုလက်နက် တားမြစ်ရေး အဖွဲ့အစည်းက စုံစမ်းရေး အဖွဲ့တဖွဲ့ဟာ ဒူမာမြို့ကို ရော်က်နေပြီး အခင်းဖြစ်နေရာကို စုံစမ်းစစ်ဆေးဖို့ အသင့်ဖြစ်နေပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular