Home
မြန်မာသတင်း
သထုံမြို့ ရွှေစာရံစေတီတော် အလှူခံပုံးအား ရိုက်ခွဲ ငွေခိုးယူသူကို ဖမ်းမိ
DVB
·
April 17, 2018
မွန်ပြည်နယ်၊ သထုံမြို ကျက်သရေဆောင် လေးဆူဓာတ်စံရွှေစာရံ စေတီတော်မြတ်ကြီးမှာ ဧပြီ ၁၆ ရက်၊ သင်္ကြန်အတက်နေ့ မနက်ပိုင်းက စေတီတော်မြောက်ဘက်ဝင်းအတွင်းရှိ လျှပ်စစ်မီး အလှူခံပုံး မှန်ကိုရိုက်ခွဲပြီး အလှူခံငွေတွေကိုယူဆောင် ပုန်းအောင်းနေသူတဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ ရွှေစာရံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက ဥက္ကဋ္ဌ ဦးမောင်ဦးက “ခိုးတဲ့သူက ဘယ်အချိန် ဘုရားဝင်းထဲ ရောက်နေလည်းဆိုတာမသိပါဘူး။ အလှူခံပုံးမှန်ကို ရိုက်ခွဲပြီး အထဲကငွေကိုယူတာပါ။ မနက် ၆ နာရီကျော်လောက်မှာမိတယ်။ ၁ သိန်းကျော်လောက် ဟန်မပျက်ချန်ထားခဲ့တာပါ။ အကုန်လုံးတော့ မနှိုက်သွားဘူး” လို့ ဒီဗွီဘီကိုပြောပါတယ်။ ဖြစ်စဉ်မှာ သမိုင်းဝင် ရွှေစာရံစေတီတော်မြတ်ကြီး မြောက်ဘက်မုခ် ၀တ်အတွင်း ဘုရားဖူးပြည်သူတွေ လျှပ်စစ်မီးပူဇော် ကုသိုလ်ယူနိုင်ဖို့ထားရှိတဲ့ အလှူခံပုံးမှာ ဧပြီ ၁၆ရက်နေ့က နောက်ကျောဘက်မှန်ကွဲနေပြီး ငွေလျော့နည်းနေတာကို ဂေါပကအဖွဲ့လုံခြုံရေးတာဝန်ကျသူတွေက တွေရှိလို့ လိုက်လံရှာဖွေရာခဲ့တာပါ။ ရှာဖွေရာမှာ ၀တ်တခုအတွင်းရှိ ရုပ်ပွားတော်တွေအနောက်မှာ ငွေတွေနဲ့အတူ မသင်္ကာဖွယ်ရာ အမျိုးသားတဦးကို တွေ့ရှိခဲ့လို့ ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့တာဖြစ်ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ မသင်္ကာဖွယ်ရာတွေ့ရှိရသူ ကျော်ထက်ဝေ (ခ) ကျော်သက်ပိုင်၊ ၂၄ နှစ်ကို ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာမှာ ခိုးယူခဲ့ကြောင်း ၀န်ခံခဲ့တာကြောင့် သထုံမြို့မရဲစခန်းက ခိုးမှုပုဒ်မ ၃၇၉၊ ကိုးကွယ်ဝတ်ပြုမှုအားဖျက်ဆီးခြင်းဥပဒေပုဒ်မ၂၉၅ နဲ့ အမှုဖွင့်လှစ်အရေးယူထားပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ယူမင်းစိုး  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024