Live
Home
မြန်မာသတင်း
မူးယစ်ဆေးတင်လာသည့်ကား မောင်းပြေးသဖြင့် ပစ်ခတ်ဖမ်းဆီး
DVB
·
April 16, 2018
ပြည်ကြီးမဏ္ဍိုင်မြို့မှာ ဧပြီ ၁၄ ရက်နေ့သင်္ကြန်အကျနေ့ ညပိုင်းက မူးယစ်ဆေးဝါး တင်ဆောင်လာတဲ့ ကားတစီးကို သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြိ့ ဘန်ဂလားကျေးရွာအုပ်စု ပြည်ကြီးမဏ္ဍိုင်-ရတနာပုံကားလမ်း (၁၄) မိုင် ကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တာလို့  ကေအန်ယူ တပ်ရင်း ၂၀၃ မှ တာဝန်ရှိသူတဦးက ပြောပါတယ်။ WY မူးယစ်ဆေးပြား ၅၀ လောက် လက်ဝယ်ရောင်းချနေသူ ဦးယုနိုင်ကို ကေအန်ယူ တပ်ရင်း (၂၀၃) က ဖမ်းဆီးစစ်ဆေးနေစဉ်မှာ YGN 5F-4520 ကားကို မသင်္ကာလို့ ရပ်တန့်စစ်ဆေးရာမှ ကားမောင်းထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ ဆိုင်ကယ်တွေနဲ့ လိုက်လံဖမ်းဆီးခဲ့ရာ ကားနဲ့ပြန်တိုက်လို့ ကေအန်ယူ တပ်ရင်း ၂၀၃ က သေနတ်နဲ့ ပစ်ခတ်တားဆီးခဲ့ရာ ကားမောင်းသမားအပါအဝင် ၂ ဦး တောထဲကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။ ထွက်ပြေးသွားသူတွေကို ကေအန် တပ်ရင်း (၂၀၃) မှ ဗိုလ်ကြီးစံဖဲ ဦးစီးတဲ့အဖွဲ့ဝင်တွေက ဆက်လက် ရှာဖွေရာ ဧပြီ ၁၅ ရက်နေ့ည ၁၀ နာရီဝန်းကျင်လောက်မှာ တဦးကို ဖမ်းမိခဲ့ပြီး ကျန်တဦးကိုလည်း ဆက်လက်ဖွေနေတယ်လို့ ဆိုပါတယ်။ အဆိုပါဖြစ်စဉ်မှ ဖမ်းဆီးရမိတဲ့ WY မူးယစ်ဆေးပြား ၂၀၀၀ လောက် ICE (0.5) ကီလို လောက်ကို ကေအန်ယူ ဌာနချုပ်မှတဆင့် တာဝန်ရှိသူတွေကို လွှဲပြောင်းပေးမယ်လို့ ကေအန်ယူ တပ်ရင်း ၂၀၃ မှ တာဝန်ရှိသူက ပြောပါတယ်။ လတ်ကိုကိုဦး  

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024