Email This Story :
ပရီးမီးယားလိဂ်ရဲ့ PFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုအတွက် မန်စီးတီးက ဒီဘရိုင်းနဲ့ လီဗာပူးက ဆာလက်တို့ ရေပန်းစားနေပါတယ်။
ပရော်ဖက်ရှင်နယ် ဘောလုံးသမားအဖွဲ့အစည်း (PFA) က မဲပေးရွေးချယ်မယ့် အခုဆုဟာ ပရီးမီးယားလိဂ်ရဲ့ တန်ဖိုးအရှိဆုံးဆုဖြစ်ပြီး ဆန်ကာတင် ကစာသမား ၆ ဦးကိုလည်း ထုတ်ပြန်ထားပါတယ်။
ဆန်ကာတင်စာရင်းမှာ ဒီဘရိုင်း၊ ဆာလက်တို့နဲ့အတူ မန်စီးတီး ကစားသမားတွေဖြစ်တဲ့ ဒေးဗစ်ဆေးလ်ဗား၊ လီရွိုင်းဆာနေး၊ စပါးက ဟယ်ရီကိန်းနဲ့ မန်ယူဂိုးသမား ဒီဂီယာတို့ ပါဝင်ပါတယ်။
မဲပေးရွေးချယ်ရာမှာ အသင်းဖော်တွေကို ရွေးချယ်ပိုင်ခွင့်မရှိဘဲ ပရီးမီးယားလိဂ်နဲ့ အောက်တန်းလိဂ် ၉၂ ခုက ကစားသမားတွေကိုလည်း ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
လူငယ်ကစာသမားဆုအတွက် စကာတင် ၆ ဦးစာရင်းမှာတော့ မန်စီးတီး ကစားသမားတွေပဲဖြစ်တဲ့ စတာလင်၊ ဆာနေး၊ အီဒါဆန် တို့နဲ့အတူ စပါးက ဟယ်ရီကိန်း၊ မန်ယူက ရပ်ဖို့ရှ်နဲ့ ချန်ပီယံရှစ်ကလပ် ဖူဟမ်အသင်းက ဆာဆက်နွန်တို့ ပါဝင်နေပါတယ်။