Home
မြန်မာသတင်း
ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသင်္ကြန်ပွဲတော် လူ ၂၀၀၀ ကျော်ဆင်နွှဲ
DVB
·
April 16, 2018
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ မြန်မာလူမျိုးအများဆုံးနေထိုင်ရာ တခဒနော့ဘဘရှိ တိုယမ ပန်းခြံမှာ မနေ့က မြန်မာသင်္ကြန်ပွဲတော်ကို ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်းက ဦးစီးကျင်းပခဲ့ပြီး ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား ၂၀၀၀ ကျော် လာရောက်ဆင်နွှဲခဲ့ကြပါတယ်။ ချီဘားခရိုင်က ၃ နာရီလောက် ရထားစီးလာရောက်ခဲ့သူ မောင်အောင်သူကတော့ အမိမြန်မာနိုင်ငံ ကို သင်္ကြန်တွင်းမပြန်ဖြစ်လို့ သင်္ကြန်အလွမ်းပြေ လာရောက်ပျော်တာလို့ ဒီဗွီဘီကို ပြောပါတယ်။ မြန်မာ့ရိုးရာ သင်္ကြန်အဆိုအကတွေနဲ့ ဆင်နွှဲခဲ့ကြသလို မြန်မာအစားအစာတွေ ရောင်းချကြတာကိုလည်း တွေ့ရပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ဇော်ဇော်လှိုင်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024