Home
မြန်မာသတင်း
ရေကြီးရေလျှံမှုဖြစ်သည့် ကျေးရွာများ ပျက်စီးဆုံးရှုံးမှုများ
နော်နိုရင်း
·
June 8, 2012
ပြီးခဲ့တဲ့ ရက်ပိုင်းက  မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းမှုကြောင့် ပါချန်မြစ်ရေ လျှံပြီး ရေကြီးမှုဖြစ်ပွားနေတဲ့ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် က  ကျေးရွာတွေမှာ ရေကျသွားပြီဖြစ် ပါတယ်။ ရေကြီးမှုကြောင့် နေအိမ် တချို့နဲ့ ပစ္စည်း အတော်များများ ပျက်စီးသွားတယ်လို့ ဒေသခံတွေ က ပြောပါတယ်။ ထိုင်းနယ်စပ်ရွာကလေးဖြစ်တဲ့  အေးချမ်းသာရွာမှာ ရေကြီးတဲ့နေ့က နေအိမ်တလုံး ရေထဲမျောပါသွားသလို ဒေသခံတွေရဲ့ ပစ္စည်း အတော်များများ ပျက်စီးသွားခဲ့တယ်လို့ ဒေသခံ ရွာသားတဦးက ပြောပါတယ်။ “ကျမတို့ရွာမှာကတော့ ပစ္စည်းတန်ကြေးကတော့ နည်းမှာတော့မဟုတ်ဘူး။ သေချာ အတိအကျတော့ တွက် မကြည့်ရဘူး။ တော်တော်လေးကို များတယ်။ ဆိုင်က ပစ္စည်းတွေလည်း ပါသွားသလိုပေါ့ အိမ်က ပစ္စည်းတွေလည်း ပါကြတယ်။ ကျမတို့ အခုနေတဲ့ နေရာက ထိုင်းနဲ့ နယ်စပ်ပေါ့။ ချောင်း တချောင်းပဲ ခြားတယ်ပေါ့။ ဟိုဘက်ကမ်း ဒီဘက်ကမ်းကို ဘတ် ၁၅ ဘတ်လောက် ပေးရင် ရောက်သွား တဲ့ နေရာဆိုတော့ အဲဒီမှာ ပစ္စည်းတွေကတော့ ဝယ်ခြမ်းထားတဲ့ ဟာတွေပေါ့။ အိမ်တိုင်းမှာလိုလို တယ်လီဗေးရှင်းတို့၊ စီဒီတို့ တွေက ရှိနေကြတယ်။ အဲဒါတွေ ပါတဲ့လူတွေ ပါတယ်။ အခု အိမ်ဆောက်နေရင်းနဲ့ လက်သမားပစ္စည်းတွေ၊ ဘိလပ်မြေတွေ အကုန်လုံး ရေမြုပ်ကုန်တယ်။ အိမ်သုံးပစ္စည်း အိုးခွက်ပန်းကန်တွေ အကုန်မျော။” ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်း မိုး အဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် ပါချန်မြစ်ရေ လျှံသလို တောင်ကျရေတွေကြောင့် ကော့သောင်းခရိုင် ခမောက်ကြီးရွာ က အေးချမ်းသာ၊ အောင်ချမ်း သာ၊ ဖော့သုတ်၊ မာတန်း၊ ဆိပ်ဖူး၊ လုံးဖော၊ စတဲ့ ရွာတွေမှာ ရေမြုပ်ခဲ့ ပါတယ်။ ဖော့သုတ်နဲ့ ဆိပ်ဖူး ရွာမှာ ပျက်စီးမှုတွေ ပိုများတယ်လို့ ဒေသခံက ပြောပါတယ်။ အဲဒီရွာတွေမှာ အရင်က မိုးတွင်းကာလ ရေတက်လေ့ရှိပေမယ့် အခုလောက် ဆိုးရွားမှု မရှိဘူးလို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024