Email This Story :
လီဗာပူးကစာသမား ဆာလက်ဟာ ပရီးမီးယားလိဂ် သွင်းဂိုး ၃၀ ပြည့်မြောက်ခဲ့ပြီး အာဖရိက ကစားသမားတွေထဲမှာ ပထမဆုံးအဖြစ် မှတ်တမ်းဝင်သွားပါတယ်။
အီဂျစ်လက်ရွေးစင် ဆာလက်ဟာ စနေနေ့က ကစားခဲ့တဲ့ ဘုန်းမောက်နဲ့ပွဲမှာ ၁ ဂိုးသွင်းယူခဲ့တာကြောင့် ပရီးမီးယားလိဂ် စုစုပေါင်းသွင်းဂိုး ၃၀ ရှိသွားပြီး ပြိုင်ပွဲစုံမှာ သွင်းဂိုး ၄၀ ပြည့်မြောက်ခဲ့တာလည်းဖြစ်ပါတယ်။
အာဖရိက ကစားသမားတွေထဲမှာ ချဲလ်ဆီးတိုက်စစ်မှူး ဒရော့ဘာက ၂၀၀၉-၂၀၁၀ ခုနှစ်မှာ ၂၉ ဂိုးနဲ့ အများဆုံးသွင်းယူထားတာဖြစ်ပြီး ဆာလက်က သွင်းဂိုး ၃၀ မြောက်သွင်းယူပြီး ကျော်ဖြတ်နိုင်ခဲ့တာပါ။
ဆာလက်အနေနဲ့ လီဗာပူးအသင်း သမိုင်းတလျှောက် တရာသီအတွင်း ဂိုး ၄၀ ပြည့်မြောက်အောင် သွင်းယူနိုင်တဲ့ တတိယမြောက် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
လီဗာပူးအသင်းသမိုင်းမှာ ၁၉၆၁ -၆၂ ရာသီက ရော်ဂျာဟမ့်၊ ၁၉၈၃-၈၄ နဲ့ ၁၉၈၆-၈၇ ဘောလုံးရာသီတွေမှာ အီရန်ရက်ရှ်တို့က သွင်းဂိုး ၄၀ သွင်းယူခဲ့ဖူးတာဖြစ်ပါတယ်။