Home
မြန်မာသတင်း
က​ယောအမျိုးသား​နေ့ကို ဖရူဆိုမြို့နယ်​တွင်​ ကျင်းပ
DVB
·
April 15, 2018
ဧပြီလ ၁၅ ရက်​​မှာ ကျ​ရောက်​တဲ့ က​ယောတိုင်းရင်းသား​တွေရဲ့ တတိယအကြိမ်​​မြောက်​ အမျိုးသား​နေ့ကို ကယားပြည်​နယ်​ ဖရူဆိုမြို့နယ်​၊ ဟိုယာ​ကျေးရွာမှာ ကျင်းပပြုလုပ်​ခဲ့ပါတယ်​။ ဒီအခမ်းအနားမှာ က​ယောတိုင်​ရင်းသား​တွေ တန်​ဖိုးထားတဲ့ ဖားစည်​ တီးခတ်​တာ၊ က​ယောတိုင်းရင်းသား အမျိုးသား​နေ့ စာတမ်း ဖတ်​ကြားတာနဲ့ ညီအစ်​ကို တိုင်းရင်းသား​တွေက ​ပေးပို့တဲ့ သဝဏ်​​လွှာ​တွေကို ဖတ်​ကြားခဲ့ပါတယ်​။ က​ယောအမျိုးသား​ကော်​မတီ ဒုဥက္ကဋ္ဌ ဦးချစ်​ထွန်းက “ပြည်​နယ်​လုံခြုံ​ရေး၊ ပြည်​နယ်​​ အေးချမ်းသာယာ​ရေး၊ ​ဒေသဖွံ့ဖြိုး​ရေးကို ကျ​နော်​တို့ ပြည်​နယ်​ရဲ့ အမျိုးသား​တွေ အဓိကကျတဲ့ အခန်းကဏ္ဍမှာရှိတယ်​။ ကျ​နော်​တို့ က​ယောအမျိုးသား​တွေလည်း တခြားအမျိုးသား​တွေနဲ့အတူ ပြည်​နယ် ဖွံ့ဖြိုးတိုးတက်​​ရေး၊ ပြည်​နယ်​ငြိမ်းချမ်း​ရေး၊ မွမ်းမွံပြင်​ဆင်​​ရေးနဲ့ ဒီမိုက​ရေစီ​အရေးဆိုတဲ့ အချက်​​တွေအ​ပေါ်မှာ ကျ​နော်​တို့အတူတူ ချီတက်​ပြီး​တော့မှ တခြားအမျိုးသားများနဲ့အတူ တက်​ညီလက်​ညီ ချီတက်​ကြပါစို့" လို့ ​ပြောကြားခဲ့ပါတယ်​။ အဲဒီ အခမ်းအနားကို ကယားပြည်​နယ် အ​ခြေစိုက်​ တိုင်းရင်းသား လက်​နက်​ကိုင်​ အဖွဲ့အစည်းတချို့၊ ပါတီ​တွေ၊ အရပ်​ဘက်​အဖွဲ့အစည်း​တွေနဲ့ က​ယောတိုင်းရင်းသား ၅၀၀ ​လောက်​ တက်​​ရောက်​ခဲ့ကြပါတယ်​။ က​ယော ဆိုတဲ့ အမည်​ကို ၁၉၆၈ ခုနှစ်​မှာ ​စတင်​​ခေါ်ဆိုခဲ့တာ​ကြောင့် အခု နှစ်​ ၅၀ ပြည့် အထိမ်းအမှတ်​အ​နေနဲ့ က​ယောအမျိုးသား​တွေရဲ့ မှတ်​တိုင်​ကို ဟိုယာ​ကျေးရွာမှာ စိုက်​ထူထားပါတယ်​။ သတင်းဓာတ်​ပုံ - ခွန်းတူးတူး​လေး(လွိုင်​​ကော်​)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024