Home
မြန်မာသတင်း
မန္တလေးသင်္ကြန် လည်ပတ်သူများထံမှ အန္တရာယ်ရှိ လက်နက်ပစ္စည်းများ ရှာဖွေ
DVB
·
April 15, 2018
မန္တ​လေး၊ မဟာ​အောင်​​မြေမြို့နယ်​မှာ သင်္ကြန်လည်ပတ်သူတွေဆီက အန္တရာယ်ရှိတဲ့ လက်နက် ပစ္စည်းတွေကို ရဲတပ်ဖွဲ့က ပိတ်​ဆို့ရှာဖွေနေပါတယ်။ ၁၃၇၉ ခုနှစ်​ မန္တ​လေးသင်္ကြန်​ပွဲ​တော်​ကို အနယ်​​နယ်​အရပ်​ရပ်​က လာ​ရောက်​ပြီး​ ​ပျော်​ရွှင်​ကြသူ​တွေ ​ဘေးကင်းလုံခြုံ​စေဖို့ ​ရေပက်​ခံကားတွေကို ပိတ်​ဆို့ရှာဖွေရတာလို့ မဟာ​အောင်​​မြေမြို့်​နယ်​ ရဲတပ်ဖွဲ့မှူး တင်​ထွန်း​အောင်​က​ပြောပါတယ်​။ အခုလို ပိတ်​ဆို့ရှာ​ဖွေရာမှာ ၆၂ လမ်း၊ ၄၂ လမ်းနဲ့ မ​နော်​ရမ္မံပန်းခြံ​ရှေ့မှာ တုတ်​၊ ဓား၊ လက်နက်တွေကို မဟာ​အောင်​​မြေမြို့နယ် ရဲတပ်ဖွဲ့ တာဝန်​ရှိသူတွေ၊ ယာဉ်​ထိန်းဌာနက ဒုရဲမှူး မျိုးလွင်​၊ မဟာ​အောင်​​မြေမြို့နယ်​ အုပ်​ချုပ်​​ရေးမှူးနဲ့ မီးသတ်​တပ်​ဖွဲ့​ဝင်တွေ ပူး​ပေါင်း ပိတ်​ဆို့ရှာ​ဖွေကြတာပါ။ ရှာဖွေသိမ်းဆည်းရမိတဲ့ မျက်​နှာဖုံး​တွေ၊ သစ်သားချောင်း​တွေ၊  ဘီယာဖန်​ပုလင်း​တွေ၊ ဝက်အူလှည့်အရှည်တွေကို သိမ်းဆည်းရရှိပြီး တပ်​ဖွဲ့သုံး အီ​ကွေ့မန့်​​တွေကို​တော့ ​လော​လောဆယ် သိမ်းဆည်းထားပြီး သင်္ကြန်ြ​ပီးရင်​ လာ​ရောက်​ပြန်​ယူနိုင်​တယ်​လို့ မဟာ​အောင်​​မြေမြို့်​နယ်​ ရဲတပ်ဖွဲ့မှူး တင်​ထွန်း​အောင်​က​ပြောပါတယ်​။ ဧပြီလ ၁၃ ရက်​​နေ့ကစတင်​ပြီး ​ပြင်​ဦးလွင်​- မန္တ​လေးကားလမ်းက ၁၆ ဂိတ်​၊ မန္တ​လေး-  စစ်​ကိုင်းလမ်းက အမရပူရဂိတ်​၊ မန္တ​လေး- မတ္တရာကားလမ်းက​ ​ရွှေကျင်​ဂိတ်​​တွေနဲ့အတူ မန္တ​လေးမြို့တွင်း ၁၄ ​နေရာကိုလည်း သင်္ကြန်​​နောက်​ဆုံး​နေ့အထိ ပိတ်​ဆို့ရှာဖွေသွားမယ်လို့ သိရပါတယ်။ သတင်းနှင့်ဓာတ်ပုံ - အောင်အောင်နိုင်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024