မန်ယူ-၀က်စ်ဘရွန်း ပွဲစဉ်ကို မကြည်ဘဲ ဂေါက်သီးသွားရိုက်မည်ဟု ဂွါဒီယိုလာပြော

ချန်ပီယံဖြစ် မဖြစ်သေချာဖို့အတွက် မန်ယူအသင်းရဲ့ပွဲစဉ်ကို ကြည့်ရူမှာမဟုတ်ဘဲ အဲဒီပွဲကြည့်မယ့်အစား ဂေါက်သီးသွားရိုက်နေမယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။ မန်စီးတီးအသင်းဟာ မနေ့ညက စပါးအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် မန်ယူအသင်းကို ၁၆ မှတ်အထိ ဖြတ်ထားတာပါ။ ဒီကနေ့ညမှာ ကစားမယ့် မန်ယူနဲ့ ၀က်စ်ဘရွန်းတို့ရဲ့ပွဲမှာ မန်ယူအသင်း ရှုံးနိမ့်ခဲ့မယ်ဆိုရင် မန်စီးတီးအသင်းက ချန်ပီယံဖြစ်ဖို့ သေချာသွားမှာပါ။ ဒါပေမယ့် မန်ယူအသင်းရဲ့ ရလဒ်ထက် သူ့ရဲ့ သားနဲ့ သူငယ်ချင်းတွေရဲ့ ဂေါက်သီးရိုက်ပွဲရလဒ်ကိုသာ ပိုမိုသိချင်တယ်လို့ ဂွါဒီယိုလာက ဆိုပါတယ်။ ဒါ့အပြင် အဲဒီပွဲမှာ မန်ယူအသင်း အနိုင်ရလိမ်မယ်လို့ထင်ပြီး မိမိတို့ရဲ့ ချန်ပီယံေ သချာစေမယ့် အခွင့်အရေးဟာ မိမိတို့အသင်းအပေါ်မှာပဲမူတည်ပြီး အိမ်ကွင်းပရိသတ်တွေရဲ့ရှေ့မှာပဲ အောင်ပွဲခံချင်တယ်လို့ ဂွါဒီယိုလာကဆိုပါတယ်။ မန်စီးတီးအသင်းဟာ လာမယ့်အပတ်မှာ ဆွမ်ဆီးအသင်းနဲ့ အိမ်ကွင်းမှာ ကစားရမှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up