Home
မြန်မာသတင်း
နှလုံးစိတ်ဝမ်း အေးချမ်းပါစေ - ဒေါ်အောင်ဆန်းစုကြည် (ရုပ်သံ)
DVB
·
April 15, 2018
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “အားလုံး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ” လို့  နှစ်သစ်ဆုတောင်းစကားပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သင်္ကြန်အကျနေ့က နိုင်ငံတော် သမ္မတရဲ့ ဇနီးကို သပြေခက်နဲ့ ရေပက်ပြီး သူ့ရဲ့ နေအိမ်အနီးက တိုက်ချီတိုမဏ္ဍပ်ကို အသွားမှာ သတင်းထောက်တွေက တဆင့် ပြောခဲ့တာပါ။ မဏ္ဍပ်ကို သမ္မတကတော် ဒေါ်ချိုချို၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ ဇနီး၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဌ သူရဦးရွှေမန်းနဲ့ဇနီး၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းနဲ့ ပြည်ထောင်စုဝန်ကြီးတချို့တက်ရောက်ရေကစားခဲ့ကြပါတယ်။ ရုပ်သံနှင့်ဓာတ်ပုံ - နေဖြိုးဝင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024