ပျော်စရာ သင်္ကြန်ဖြစ်ပါစေ - အမေရိကန်သံအမတ်ကြီး (ရုပ်သံ)
DVB
·
April 14, 2018
“မင်္ဂလာပါ။ ကျနော်က စကော့ မာစီရယ်လ်ပါ၊ အမေရိကန် သံအမတ်ကြီးပါ” လို့ မြန်မာစကားနဲ့ မိတ်ဆက်ပြီး မြန်မာနိုင်ငံမှာရှိကြတဲ့သူတွေအားလုံး ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ မင်္ဂလာနှစ်သစ်ဖြစ်ပါစေလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက နှုတ်ဆက် ဆုတောင်းလိုက်ပါတယ်။
ဒီ ဗွီဒီယိုကို အမေရိကန်သံရုံးဖေ့စ်ဘွခ်က လွှင့်တင်ထားပြီး ရန်ကုန်က အမေရိကန်စင်တာမှာ သင်္ကြန်အမှတ်တရ မုန့်ကျွေးတာ၊ ရေပက်တာတွေကို ရိုက်ကူးပြသထားပါတယ်။
ဗွီဒီယိုအဆုံးမှာတော့ သံအမတ်ကြီး မာစီရယ်လ်က “ပျော်စရာ သင်္ကြန်ဖြစ်ပါစေ” လို့ ဆုတောင်းပေးထားပါတယ်။