Home
မြန်မာသတင်း
ဖားကန့်တွင် ကျေးရွာဆိုင်းဘုတ်တချို့ ဖျက်ဆီးခံရ
DVB
·
April 14, 2018
ကချင်ပြည်နယ် ဖားကန့်ဒေသ လုံးခင်း ကျေးရွာအုပ်စုနဲ့ ဆိပ်မူကျေးအုပ်စုက ကျေးရွာအဝင် ဆိုင်ဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။ မနေ့ ည ၁၁ နာရီလောက်မှာ ဆန်းကြွယ်ကျေးရွာ၊ မနကျေးရွာ၊ ဖားပြင်ကျေးရွာ၊ ဟင်းတင့်ကျေးရွာ၊ မှော်စီစာကျေးရွာတွေရဲ့ ကျေးရွာအဝင် ဆိုင်းဘုတ်တွေကို ဖျက်ဆီးခံခဲ့ရတာပါ။ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က “ဒါတွေဟာ အပျော်လွန်ပြီး လျှောက်လုပ်တာလည်း ဖြစ်နိုင်ပါတယ်။ ဟိုတလောကလည်း ငိုးပင်းကျေးရွာ ဆိုင်းဘုတ်ကို ခုလိုမျိုး ဖျက်ဆီးခဲ့တာတွေ ရှိခဲ့ဘူးတယ်" လို့ပြောပါတယ်။ သင်္ကြန်ကာလအတွင်းမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး အပျော်အပျက် ဖျက်ဆီးတာမဖြစ်နိုင်ဘဲ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတဲ့သဘောမျိုး ဖြစ်နေတယ်လို့ ဖျက်ဆီးခံရတဲ့ ကျေးရွာ တာဝန်ရှိသူ တယောက်က ပြောပါတယ်။ ဆန်းကြွယ်ကျေးရွာ ရာအိမ်မှူး ဦးမြင့်မောင်က “ဒါတွေကတော့ ရည်ရွက်ချက်ရှိရှိအုပ်စုဖွဲ့ပြီး အဖျက်အမှောင့် လုပ်တဲ့ သဘောဖြစ်နေတယ်” လို့ ပြောပါတယ်။ ဖားကန့်မြို့ စခန်းမှူး ဦးဝင်ဇော်ဦးကတော့ “ဒီကိစ္စကို စုံစမ်းသွားမှာ ဖြစ်ပြီး ဆိုင်းဘုတ် ဖျက်ဆီးခံရတဲ့ ကျေးရွာတွေကို အမှုဖွင့်ခိုင်းထားတယ်” လို့ဆိုပါတယ်။ ဇော်မိုးထက်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024