ဒူဘိုင်းရောက် မြန်မာမိသားစုများ၏ သင်္ကြန်ပွဲ
DVB
·
April 14, 2018
အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နိုင်ငံ ဒူဘိုင်းမြို့မှာ မြန်မာမိသားစုတွေ စုပြီး သင်္ကြန်ပွဲတော် ပြုလုပ်ခဲ့ပါတယ်။
ဧပြီ ၁၃ ရက် အကြိုနေ့ကို Al Noor Training Center မှာ ပြုလုပ်ခဲ့ပြီး လူ ၇၀၀ လောက် တက်ရောက်ခဲ့ပါတယ်။ နေ့လယ် ၁၂ နာရီကနေ ညနေ ၅ နာရီအထိ ပြုလုပ်ကြပြီး အစားအသောက် ကျွေးမွေးတာနဲ့ ဖျော်ဖြေတာကို အဓိကလုပ်တာလို့ ဒူဘိုင်းရောက် မြန်မာတယောက်က ပြောပါတယ်။
မနက်ဖြန် သင်္ကြန် အကြတ်နေ့မှာတော့ အဘူဒါဘီမှာ ပြုလုပ်မယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ - UAE မိသားစု ရေသဘင်ပွဲ