Home
မြန်မာသတင်း
ပုဂံမြို့သစ် ရွှေဗဟို ဟိုတယ် မီးလောင်
ပိုင်စိုး
·
April 14, 2018
ဒီနေ့ မနက် အစောပိုင်းက ပုဂံမြို့သစ် ရွှေဗဟို ဟိုတယ် မီးလောင်ခဲ့တယ်လို့ ညောင်ဦးခရိုင် မီးသတ်စခန်း တာဝန်ရှိသူ တယောက်က ပြောပါတယ်။ “မနက် ၃ နာရီ ၄၅ မိနစ်မှာလောင်ပြီး ၅ နာရီ ၂၀ မှာ မီးငြိမ်းပါတယ်။ ဖြစ်တာကတော့ ဧည့်ကြိုဆောင် အပေါ်ထပ်မှာရှိတဲ့ ဧည့်ကြို၊ ယာဉ်မောင်းနားနေဆောင်မှာ အိပ်ရာဘေးမှာ ခြင်ဆေးထွန်းပြီး အိပ်တယ်။ အဲဒီကနေ မွေ့ယာကို မီးစွဲပြီး ကြမ်းခင်းကို လောင်တာပါ။ နှစ်ထပ်ဆောင်နဲ့ ဘန်ဂလို ၆ လုံး မီးလောင်ပါတယ်။ ဒီထဲမှာ တချို့အဆောင်ကတော့ မျက်နှာကျက်လောက်ပဲ လောင်တာပါ” လို့ ပြောပါတယ်။ ဒီမီးလောင်တာကို ပုဂံ၊ ညောင်ဦးနဲ့ ကျောက်ပန်းတောင်း မီးသတ်စခန်းတွေက မီးသတ်ယာဉ် ၁၉ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၅၁ ယောက်၊ အရန် မီးသတ်တပ်ဖွဲ့ဝင် ၇၀၊ ရဲတပ်ဖွဲ့ဝင် ၂၀၊ တပ်မတော်သား ၃၂ ယောက် ပါဝင် ငြှိမ်းသတ်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။ စုစုပေါင်းဆုံးရှုံးတဲ့ တန်ဖိုးက ကျပ် ၅၂ သိန်း ရှိတယ်လို့လည်း ဆိုပါတယ်။ ဓာတ်ပုံ - San Thar Aung  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024