Home
မြန်မာသတင်း
နေပြည်တော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ သမ္မတ ဦးဝင်းမြင့် တက်ရောက်
DVB
·
April 14, 2018
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ဇနီး ဒေါ်ချိုချို နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။ မဟာသင်္ကြန်အကြိုနေ့ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို မနေ့ညနေ ၄ နာရီခွဲက နေပြည်တော် စည်ပင်သာယာရေးကော်မတီရုံးရှေ့မျက်နှာစာမှာ ကျင်းပခဲ့ပါတယ်။ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နဲ့ဇနီး ဒေါ်ရင်မေ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နဲ့ ပြည်ထောင်စုဝန်ကြီးတွေ အစရှိတဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမှာ သင်္ကြန်ယိမ်းအဖွဲ့တွေက စုပေါင်းကပြဖျော်ဖြေမှုတွေ၊ သင်္ကြန်တေးသီချင်းသီဆို ဖျော်ဖြေတွေ၊ ရခိုင်ရိုးရာသင်္ကြန်အကတွေနဲ့ဖျော်ဖြေခဲ့ကြပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024