ဒေါ်အောင်ဆန်းစုကြည် ပဲရစ်သွားမည်
DVB
·
June 6, 2012
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို လာရောက်လည်ပတ်ဖို့ ပြင်သစ်သမ္မတ ဖရန်စစ်စကို ဟော်လန်ဒီက ဖိတ်ကြားလိုက်ပါတယ်။
ပြင်သစ် သမ္မတရဲ့ကြေညာချက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန် ၂၆ ရက်ကနေ ၂၉ ရက်အထိ ပြင်သစ်နိုင်ငံကို လာရောက်လည်ပတ်မှာ ဖြစ်တဲ့အကြောင်း၊ ဒီလည်ပတ်မှု ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်မှုကို ဂုဏ်ပြုဖို့ အခွင့်အရေးတရပ်ဖြစ်သလို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုကို ပြင်သစ်နိုင်ငံက ဆက်လက်ပြီး ထောက်ခံဖို့ ဆန္ဒရှိတယ်ဆိုတာ ထပ်လောင်းအတည်ပြုလိုက်တာပဲလို့ ဖော်ပြ ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က နှစ်ပေါင်း ၂၄ နှစ်တာကာလအတွင်း ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ ဇွန်လ လယ်လောက်မှာတော့ ဆွစ်ဇာလန်၊ နော်ဝေးနဲ့ ဗြိတိန် စတဲ့ ဥရောပနိုင်ငံတွေကို ခရီးထွက်ဖို့  အစီအစဉ်ရှိနေတာ ဖြစ်ပါတယ်။