Home
မြန်မာသတင်း
မြန်မာတပြည်လုံးတွင် အရည်အချင်းပြည့်ဝသည့် စာရင်းပညာရှင် ၁၂၀၀ ကျော်သာရှိ
DVB
·
April 11, 2018
  မြန်မာတနိုင်ငံလုံးမှာ  အရည်အချင်းပြည့်ဝတဲ့ စာရင်းပညာရှင် ၁၂၀၀ကျော် ပဲရှိတယ်လို့ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက ပြောကြားလိုက်ပါတယ်။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရဲ့   ပြီးခဲ့တဲ့ နှစ်နှစ်တာကာလအတွင်း ခေတ်စနစ်ရဲ့ လိုလားချက်တွေအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမှု အခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံပိုင် မီဒီယာနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့တာပါ။ “စာရင်းစစ်နဲ့ စာရင်းကိုင်တွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ဒီပလိုမာ စာရင်းကိုင် (DA) သင်တန်းနဲ့ လက်မှတ်ရ ပြည်သူ့စာရင်းကိုင် (CPA) သင်တန်းတွေ ဖွင့်လှစ်ပေးနေတယ်။ မြန်မာ နိုင်ငံမှာ အရည်အချင်းပြည့်ဝတဲ့ စာရင်းပညာရှင် ၁၂၀၉ ဦးသာရှိတာကြောင့် သင်တန်းဝင်ပေါက် ကို တိုးချဲ့ပေးတဲ့အတွက် တိုးလာမယ့် သင်တန်းသားတွေအတွက် ပုဂ္ဂလိက ကျောင်းတွေကို ဖွင့်လှစ်ခွင့်ပေးခဲ့ပါတယ်။ ဒီကျောင်းတွေမှာ သင်ကြားမယ့် ကထိက ဆရာတွေကိုလည်း အရည်အချင်းစစ်ပြီး ခွင့်ပြုပေးခဲ့တယ်”လို့ စာရင်းစစ်ချုပ် ဦးမော်သန်းက ပြောပါတယ်။ စာရင်းစစ်ဝန်ထမ်းတွေရဲ့ အရည်အချင်း တိုးတက်စေဖို့ နိုင်ငံခြားပညာသင် စေလွှတ် နေရာမှာ သြစတြေးလျနိုင်ငံက မဟာဝါဏိဇ္ဇဘွဲ့ရတဦး၊ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှု မဟာဘွဲ့ (MBA) ကို တရုတ်နိုင်ငံမှ တဦးနဲ့ ထိုင်းနိုင်ငံမှ တဦးရရှိခဲ့သလို တရုတ်နိုင်ငံမှာ စာရင်းကိုင်စာရင်းစစ်ဆိုင်ရာ မဟာဘွဲ့ သင်တန်း ၄ ဦးတက်နေတယ်လို့ လည်းသိရပါတယ်။ နိုင်ငံခြားသား စာရင်းပညာရှင်တွေအနေနဲ့ မြန်မာနိုင်ငံ စာရင်းကောင်စီ ဥပဒေနဲ့ အညီ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရင် မြန်မာနိုင်ငံမှာ စာရင်းလုပ်ငန်း လုပ်ကိုင်ဖို့ လျှောက်ထားနိုင်တယ် လို့လည်း စာရင်းစစ်ချုပ်က ပြောပါတယ်။ ဓာတ်ပုံ-MOI
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024