Home
မြန်မာသတင်း
ရိုက်တာသတင်းထောက် ၂ဦးအမှု ရုပ်သိမ်းလွှတ်ပေးရန် လျှောက်ထားချက် ပယ်ချခံရ
DVB
·
April 11, 2018
  နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ရိုက်တာ သတင်းထောက် ၂ယောက်ရဲ့ အမှုရုပ်သိမ်း ပြန်လွှတ်ပေးဖို့ လျှောက်ထားတာကို  ဒီနေ့ မြောက်ပိုင်း ခရိုင်တရားသူကြီးက ပယ်ချလိုက်ပါတယ်။ တရားလိုပြသက်သေ ၂၅ ယောက်ထဲက ၁၇ ယောက်ကို စစ်ဆေးပြီးတဲ့အချိန်အထိ ရိုက်တာသတင်းထောက်တွေကို စွဲဆိုထားတဲ့ပုဒ်မနဲ့ညီတဲ့အပြစ် မတွေ့တာကြောင့် စွဲချက်မတင်မီ လွှတ်ပေးဖို့ သတင်းထောက်တွေရဲ့ ရှေ့နေက တောင်းဆိုခဲ့တာပါ။ တရားသူကြီးကတော့  ကျန်နေသေးတဲ့ တရားလိုပြ သက်သေ ၈ ယောက်ကို ဆက်လက်စစ်ဆေးသွားမယ်လို့ တရားရုံးမှာ ဒီကနေ့ ဆုံးဖြတ်လိုက်တယ်လို့ သတင်းထောက်တွေဘက်က လိုက်ပေးနေတဲ့ ရှေ့နေတွေကပြောပါတယ်။ ဒါကြောင့် အမှုစစ်ဖို့ ကျန်နေသေးတဲ့ တရားလိုပြသက်သေတွေကို ဆက်လက်စစ်ဆေးဖို့ နောက်တစ်ပတ် ဧပြီလ ၂၀ နေ့ကို ချိန်းဆိုလိုက်ပါတယ်။ ရိုက်တာသတင်းထောက် ကိုဝလုံး(ခ) ကိုသက်ဦးမောင်နဲ့ ကိုကျော်စိုးဦး(ခ)ကို မိုးအောင်တို့ကို  ရဲဆီကနေ တရားမ၀င်သတင်းအချက်တွေ ရယူလို့ဆိုပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်က မင်္ဂလာဒုံမြို့နယ်မှာ ဖမ်းဆီးခဲ့ပြီး  အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်ထိချမှတ်နိုင်တဲ့ ၁၉၂၃ ခုနှစ် အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ ဖမ်းဆီး တရားစွဲ ထားတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024