ပခုက္ကူတွင် စေတနာ့ဝန်ထမ်းကျောင်းသားများ၏ ဖုန်းနှင့်ငွေကြေးများခိုးယူခံရ
DVB
·
April 11, 2018
မကွေးတိုင်း ပခုက္ကူမြို့မှာ စာမတတ်မြောက်သူ ပပျောက်ရေးစီမံချက်အတွက် ကူညီစာ သင်ကြားပေးနေတဲ့ တက္ကသိုလ်ကျောင်းသား တချို့ရဲ့လက်ကိုင်ဖုန်းနဲ့ ငွေကြေးတချို့ ခိုးယူ ခံခဲ့ရပါတယ်။
ပခုက္ကူမြို့ အမှတ် ၅ ရပ်ကွက်ရှိ အမှတ် ၁၄၅ အခြေခံပညာ မူလတန်းလွန်ကျောင်းမှာ အခိုးခံရတာဖြစ်ပြီး စေတနာဝန်ထမ်း စာသင်ပေးနေတဲ့ ကျောင်းသားတွေရဲ့ ဖုန်း ၉ လုံးနဲ့ ငွေ ၈၀၀၀၀ ကျော်အခိုးခံခဲ့ရတာပါ။
ဒီအမှုနဲ့ပတ်သက်ပြီး ပခုက္ကူမြို့ မြို့မရဲစခန်း တာဝန်ရှိသူတွေအနေနဲ့ စုံစမ်းဖော်ထုတ်နေ တယ်လို့ စခန်မှူး ဦးသိန်းစန်းဦးကပြောပါတယ်။
သတင်း - မြင့်နိုင်