မလေးရှားနိုင်ငံ အထွေထွေရွေးကောက်ပွဲကို မေလ ၉ ရက်နေ့မှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ဧပြီ ၁၀ ရက်နေ့မှာ ပြောလိုက်ပါတယ်။
ဒါဟာ လက်ရှိ အာဏာရ ညွန့်ပေါင်းအဖွဲ့ရဲ့ ၆၁ နှစ်ကြာ အာဏာခြေကုပ်အတွင်း အပြင်းထန်ဆုံး စမ်းသပ်ချက်ပါ။
ကုန်ဈေးကြီး ကြီးမြင့်တာကြောင့် ပြည်သူတွေ မပျော်မရွှင် ဖြစ်နေတဲ့အပြင် ဒေါ်လာ ဘီလျံချီတဲ့ အစိုးရရန်ပုံငွေ အလွဲသုံးမှုဆိုင်ရာ ကျော်မကောင်း ကြားမကောင်းမှုတွေကြောင့် ဝန်ကြီးချုပ် နာဂျစ်ရာဇက်ခ်ဟာ သူ့ရဲ့ ဘာရိစန် နေရှင်နယ် ညွန့်ပေါင်းအဖွဲ့ (Barisan Nasional) ပြန်အနိုင်ရရေး ဖိအားကို ရင်ဆိုင်နေရတာပါ။
ထင်မြင်သုံးသပ်ချက်တွေ အမျိုးမျိုးပေါ်ထွက်အပြီး ဧပြီ ၆ ရက်နေ့မှာ ဝန်ကြီးချုပ်က လွှတ်တော်ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။
အသက် ၆၄ နှစ်အရွယ် နာဂျစ်ဟာ ပြန်ရွေးကောက်ခံနိုင်ဖို့ မျှော်လင့်ထားတာပါ။
အကဲခတ်တွေကတော့ သူ့ရဲ့ ဆရာဟောင်းနဲ့ မလေးရှားရဲ့ သမ္ဘာအရင့်ဆုံး နိုင်ငံရေးသမား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရလိမ့်မယ်လို့ ဟောကိန်းထုတ်ထားပါတယ်။