Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အတွက် ကျပ်သန်း ၆၀၀၀ ကျော် ဘဏ္ဍာငွေဖြတ်တောက်ခံရ
DVB
·
April 10, 2018
ရခိုင်ပြည်နယ်အတွက် ပြည်ထောင်စုအစိုးရကချပေးထားတဲ့ ကျပ်ငွေ ၇၀ ကျော်ဘီလီယံထဲက ၆ ဘီလီယံကျော်ကို ပြည်နယ်လွှတ်တော်က ဖြတ်တောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဧပြီ ၉ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်မှာ ၂၀၁၈ ဧပြီလကနေ စက်တင်ဘာလအထိ ၆ လ ဘတ်ဂျက်ကာလ ရခိုင်ပြည်နယ်အတွက် ပြည်ထောင်စုအစိုးရက ချပေးထားတဲ့ ဘဏ္ဍာငွေကျပ် ၇၀ ဘီလီယံကျော်ထဲက ၆ ဘီလီယံကျော်ကို ဖြတ်တောက်ဖို့ ဆုံးဖြတ်လိုက်ကြတာပါ။ ဒီလို ဆုံးဖြတ်လိုက်တာနဲ့ပတ်သက်ပြီး ဧပြီ ၉ ရက်နေ့ နေ့လယ်ပိုင်းကလည်း ပြည်နယ်လွှတ်တော် ရုံးခန်းမမှာ လွှတ်တော်တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ဒီငွေတွေကို ပြန်လည်အသုံးချဖို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အကြား ညှိနှိုင်းဆွေးနွေးခဲ့ကြပေမယ့်လည်း အဆင်ပြေမှု မရရှိခဲ့ကြပါဘူး။ ဒါ့အပြင် ဘက်ဂျက်ငွေမှာ လိုအပ်တာထက်ပိုပြီး တောင်းခံလာတွေ၊ လုပ်ငန်းတွေ ပြီးစီးပေမယ့် ဘဏ္ဍာငွေတွေပိုပြီး ထပ်မံတောင်းခံလာတာရှိတယ်လို့ပြောပါတယ်။ အကြီးစားပြင်ဆင်မှုအတွက်ဆိုပြီး သံတွဲမြို့နယ် မြို့တော်ခန်းမအတွက် တောင်းခံတာတွေ အဲဒီထဲမှာ ကျပ်သန်း ၃၀ လောက်ဟာ ဖွင့်ပွဲတွေအတွက် မိုးပျံပူဖောင်းလွှတ်တင်ရာမှာ ကုန်ကျမယ့်ငွေတွေလည်း ပါတယ်လို့ ဆိုပါတယ်။ အခုလိုဘဏ္ဍာငွေတွေဖြတ် တောက်ခံရတဲ့အပေါ်မှာ စိတ်မကောင်းဖြစ်ရတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေး အခွန်စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောပါတယ်။ သတင်း - ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024