ဖီဂျီတွင် အားပြင်း ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်နိုင်မှုကြောင့် အရေးပေါ် ပြင်ဆင်မှုများ ပြုလုပ်

ဓာတ်ပုံ - ရိုက်တာ
ပစိဖိတ်သမုဒ္ဒရာထဲက ဖီဂျီကျွန်းနိုင်ငံလေးမှာ ဧပြီ ၁၀ ရက်နေ့က တပတ်အတွင်း ဒုတိယမြောက် အားပြင်း ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်နိုင်တာကြောင့် အရေးပေါ်ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ ဆိုင်ကလုန်း ကန်နီဟာ ဧပြီလ ၁၀ ရက် အစောပိုင်းမှာ ပြင်းအားအဆင့် ၃ ရှိ မုန်တိုင်းအသွင် ကူးပြောင်းပြီး ဖီဂျီကျွန်း ကုန်းမကြီးဆီ ဦးတည်လာနေပါတယ်။ ဒီအတွက် လေပြင်းတိုက်ခတ်တာနဲ့ မိုးကြီးရေလျှံတာတွေ ဖြစ်ပွားနေပါတယ်။ ကန်နီမုန်တိုင်းဟာ ၁၀ ရက်နေ့ နှောင်းပိုင်းမှာ ဖီဂျီကျွန်း ကုန်းမကြီးဆီ ဝင်ရောက်တိုက်ခတ်ပြီး လေတိုက်နှုန်း တနာရီ ၁၀၅ မိုင်လောက်အထိ ရှိနိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။ ဖီဂျီကျွန်းဒေသတချို့မှာ လွန်ခဲ့တဲ့ ၂ ရက်က ဂျိုစီ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်တာကြောင့် လူ ၆ ဦး သေဆုံးပြီး လူအတော်များများ အရေးပေါ် နေရာပြောင်းရွှေ့ခဲ့ရပါတယ်။ ပထမမုန်တိုင်းကြောင့် ပျက်စီးခဲ့တာတွေကို ရှင်းလင်းနေချိန်မှာပဲ အခု ဒုတိယအကြိမ် ကန်နီမုန်တိုင်း သတိပေးချက် ထွက်ပေါ်လာတာဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up