ဧပြီလ ၁၀ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး
DVB
·
April 10, 2018
ဧပြီလ ၁၀ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၃၃၀ ကျပ်၊ ၁ ယူရိုငွေကို ၁၆၃၈ ဒသမ ၈ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၁၀၁၄ ဒသမ ၂ ကျပ်၊ ဂျပန် ယန်း ၁၀၀ ကို ၁၂၄၅ ဒသမ ၈ ကျပ်၊ တရုတ် ၁ ယွမ်ကို ၂၁၀ ဒသမ ၈၈ ကျပ်၊ အင်ဒိုနီးရှား ရူပီးရား ၁၀၀ ကို ၉ ဒသမ ၆၆ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၄၄ ဒသမ ၂၃ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၄၂ ဒသမ ၅၇ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။
(ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး တကျပ်သားကို ဝယ်ဈေး ၉၄၂၂၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေးကတော့ ၉၄၂၄၀၀ ကျပ် ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၃၃၂ ဒသမ ၂၅ ဒေါ်လာ ဈေးပေါက်ပါတယ်။