Home
မြန်မာသတင်း
တက်တူးထိုးသူများအပေါ် အမြင်ပြောင်းလဲစေရန် ဆေးရုံသန့်ရှင်းရေးစုပေါင်းပြုလုပ်
Aung Ko Latt
·
April 10, 2018
  အဖွဲ့ဝင်ပေါင်း ၂၀ ကျော်နဲ့ စုဖွဲ့ထားတဲ့ မုံရွာမြို့က We Love Tattoo အဖွဲ့က သူတို့အပေါ်ထားတဲ့ လူတွေရဲ့ သဘောထားအမြင်တွေ ပြောင်းလဲလာစေရန်ရည်ရွယ်ပြီး ပရဟိတ အလုပ်တစ်ခုအနေနဲ့ ဧပြီ ၉ ရက် ညနေက မုံရွာမြို့ဆေးရုံကြီးတောင်ဖက်ခြမ်းမှာ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြပါတယ်။ ဒီအဖွဲ့ကို လွန်ခဲ့တဲ့ နှစ်ကစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး တက်တူးထိုးထားတဲ့သူတွေအပေါ် အချို့လူတွေရဲ့စိတ်ထဲမှာ လူဆိုး၊ သူခိုး၊ ဂျပိုးလို မြင်နေကြဆဲဖြစ်လို့ အမြင်တွေပြောင်းလဲ လာစေဖို့ ရည်ရွယ်ကာ လုပ်ဆောင်ကြတာဖြစ်ပါတယ်။ လစဉ် ၉ ရက်နေ့တိုင်းမှာ တက်တူးချစ်သူတွေအဖွဲ့ကဦးဆောင်ပြီး ပရဟိတလုပ်ငန်းတွေ ကိုလည်း လုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်။ “တက်တူးဆိုတာ လူ့အရေပြားပေါ်မှာ ရေးဆွဲတဲ့ အနုပညာတစ်ခုဖြစ်တယ်။ ဒီထက် မပိုပါဘူး။ ကျနော်တို့လည်း လူထဲက လူပါပဲ။”လို့ တက်တူးချစ်သူများအဖွဲ့မှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။ ပထမဆုံးအကြိမ် တက်တူးချစ်သူတွေစုပေါင်းပြီး ပြုလုပ်တဲ့ သန့်ရှင်းရေးမှာတော့ ဆင်တူအင်္ကျီတွေဝတ်ဆင်တားတဲ့ တက်တူးချစ်သူ ၃၀ ကျော်ပါဝင်ခဲ့ကြပါတယ်။ တတ်တူးဆရာတစ်ယောက်က “အခုနောက်ပိုင်းမှာ တက်တူးထိုးတာကို အနုပညာတစ်ခု အဖြစ်ခံယူပြီး ယောက်ျားလေးကော၊ မိန်းကလေးတွေပါ ထိုးလာကြတာ ဖြစ်ပါတယ်။ တက်တူး ကြောင့် အရေပြားရောဂါ၊ အိတ်အိုင်ဗွီရောဂါတွေကလည်း အခုနောက်ပိုင်းမှာ အဖြစ်နည်း သွားတယ်လို့ ဆိုပါတယ်။ တခါသုံးဆေးထိုးအပ်၊ တခါသုံး ဆေးခွက်တွေကလည်း ပေါများလာပြီး တက်တူးထိုးသူတွေကလည်း တခါသုံးဆေးထိုးအပ်၊ ဆေးခွက်တွေသုံးစွဲမှသာ တက်တူးထိုး ကြတော့တယ်”လို့ဆိုပါတယ်။ မုံရွာမြို့မှာ တက်တူးဆိုင် ၂၀ ဝန်းကျင်ခန့်ရှိပြီး  တက်တူးကို အရင်က ကိုယ်နှစ်သက်ရာ အရုပ်တွေရေးထိုးခဲ့ကြပေမယ့် ဒီနေ့ခေတ်မှာတော့ ဖန်စီဖြစ်တဲ့ အရုပ်တွေ၊ ဒေသအိုင်ကွန်တွေ၊ ကိုယ့်ရဲ့ အိုင်ဒေါတွေကို အဓိကထား ရေးဆွဲလာကြတယ်လို့လည်းဆိုပါတယ်။ တက်တူးချစ်သူတွေစုပေါင်းပြီး ပြုလုပ်တဲ့ စုပေါင်းသန့်ရှင်းရေးပွဲကို ဆေးရုံအုပ်ကြီးနဲ့ ဆေးရုံဝန်ထမ်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စည်ပင်တို့ကလည်း ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024