Home
သတင်းဓာတ်ပုံ
ရန်ကုန်မြို့ ကန်တော်ကြီးပန်းခြံတွင်း လမ်းလျှောက်သင်္ကြန် ပြင်ဆင်
ကိုမောင်
·
April 10, 2018
  ရန်​ကုန်​မြို့ ကန်​​တော်​ကြီး ပန်းခြံအတွင်းမှာ အခုနှစ်​သင်္ကြန်​မှာ ကျင်းပမယ့် လမ်း​လျှောက်​ သင်္ကြန်​အတွက်​ ပြင်​ဆင်​မှု​တွေ ပြုလုပ်​​နေပါတယ်​။ ကန်​​တော်​ကြီး လမ်း​လျှောက်​သင်္ကြန်​ကို​ ဦး​ထောင်​ဘိုအဝိုင်း ဝင်​​ပေါက်​က​နေ ကြား​တောရထိပ်​ဝင်​​ပေါက်​အနီးက ဆင်​ရုပ်​​တွေအထိ လမ်းတေ​​လျှာက်​ ပြုလုပ်​သွားမှာဖြစ်ပါတယ်။ အဲ့ဒီလမ်းတေ​​လျှာက်​မှာ ​ရေပက်​ခံမဏ္ဍပ်​နဲ့ စတုဒီသာ မဏ္ဍပ်​​တွေ စတင်​​ဆောက်လုပ်​​နေပြီ ဖြစ်​ပါတယ်​။ ဦး​ထောင်​ဘိုအဝိုင်းဝင်​​ပေါက်​အနီးက တံတားတစ်​​လျှောက်​မှာလည်း ရန်​ကုန်​ကန်​​တော်​ကြီး သင်္ကြန်​ပွဲ​တော်ဆိုပြီး ထီး​တွေနဲ့ အလှဆင်​ထားတာကို ​တွေ့ရပါတယ်​။ ရန်​ကုန်မြို့မှာ လမ်းလျှောက်​သင်္ကြန်​ကို မဟာဗန္ဓုလပန်းခြံ ဦးဥတ္တမပန်းခြံတို့မှာလည်း ပြုလုပ်​သွားမှာ ဖြစ်​ပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024