Home
မြန်မာသတင်း
ရင်သားအဆမတန်ကြီးထွားသည့် ရှမ်းမိန်းကလေးငယ် ခွဲစိတ်ကုသမှုအောင်မြင်
DVB
·
April 9, 2018
  ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်ရှိ ကျေးရွာတစ်ရွာက  ရင်သားနှစ်ဘက်လုံး အဆမ တန်ကြီးမား တဲ့ဝေဒနာ ခံစားနေရသူ အသက် ၁၃ နှစ်ရွယ် နန်းဆိုင်လူ ဆိုတဲ့ ရှမ်းမိန်းကလေး ကို သီပေါဆေးရုံကြီးက ဒီကနေ့မနက်ကစ ခွဲစိပ်ကုသပေးနေရာမှာ  ညနေပိုင်းမှာတော့ ခွဲစိပ်မှု အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်ပါတယ်။ ခွဲစိပ်ကုသမှုကို CS ဒေါက်တာနိုင်နိုင်ထွန်း (ခွဲစိတ်) first assistant SAS ဒေါက်တာကိုလေးဝင်း(အရိုး)၊ မေ့ဆေး SAS ဒေါက်တာသီတာဝင်း၊  လက်ထောက်ဆရာဝန် ဒေါက်တာထူးနိုင်အောင် ဒေါက်တာ ဟိန်းသူ ဒေါက်တာသစ်လွင်သန့် ဒေါက်တာစိုင်းထွန်းဦး တို့က ဆောင်ရွက်ပေးခဲ့ကြတာဖြစ်ပြီး မနက် ၉ နာရီက စတင်ကာ   ညနေ ၃ နာရီခွဲမှာ အောင်မြင်စွာပြီးဆုံးသွားကြောင်း၊ ခွဲစိပ်မှုအောင်မြင်ရေး အဖက်ဖက်က ၀ိုင်းဝန်ကူညီခဲ့သူ ခွဲစိပ်ဆောင်ဆရာဆရာမများ၊ ရုံးဝန်ထမ်းများ၊ ပရဟိတမိတ်ဆွေနဲ့ အလှူရှင်များ၊ ၀ိုင်းဝန်း ဆုတောင်းအားပေးသူများကို အထူးကျေးဇူးတင်ရှိကြောင်း  သီပေါဆေးရုံအုပ်ကြီး ဒေါက်တာ နန္ဒ၀င်းက သူ့ရဲ့ ကိုယ်ပိုင်လူမှုကွန်ရက်ဖေ့စ်ဘုတ်စာမျက်နှာပေါ် ရေးတင်ထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဗွီဘီမှ သီပေါဆေးရုံနဲ့ ပရဟိတအဖွဲ့အစည်းတွေကို ဆက်သွ ယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024