သံချပ်အဖွဲ့များအပေါ်ချမှတ်ထားသည့် စည်းကမ်းချက်များ ပြုပြင်ပေးရန်တောင်းဆို
Aung Aung Naing
·
April 9, 2018
သံချပ်အဖွဲ့တွေအပေါ် ထုတ်ပြန်ထားတဲ့ စည်းကမ်းချက် ပြုပြင်ပေးဖို့ ရွှေလက်ညှိုးသံချပ်အဖွဲ့က သက်ဆိုင်ရာတာဝန်ရှိသူတွေကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။
မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် ၆၁ လမ်း ခိုင်ရွှေဝါလမ်းက မန္တလေးတိုင်းဒေသကြီး လူငယ်သင်တန်းကျောင်းမှာ သတင်းစာရှင်းလင်းပွဲပြုလုပ် ပြောကြားလိုက်တာပါ။
ရွှေလက်ညှိုး (ဗကသ)များ သံချပ်အဖွဲ့ တာဝန်ခံပုသိမ်ကျောင်းသား ကိုအောင်သက်ပိုင်က “ဒီနှစ်မှာတော့ သံချပ်တွေအတွက် ထုတ်တဲ့စည်းကမ်းချက်တွေထဲမှာ မိနစ် ၃၀ ကျော်ပြီး သံချပ်တိုင်ခဲ့ရင် နောင်လာမဲ့နှစ်တွေမှာ သံချပ်တိုင်ခွင့်ကို နာမည်ပျက်စာရင်းသွင်းမယ်။ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပေးတော့ဘူး။ ဆိုတာဟာ မဖြစ်သင့်ဘူး။ သံချပ်ဆိုတာဟာ သဏ္ဍာန်၊ သရုပ်၊ ပြဇာတ်တိုတွေ တေးသီချင်းတွေပါမှသာ တင်ပြချင်တဲ့ အကြောင်းအရာက စုံမှာပါ။ အဲဒါကြောင့် အချိန်အားဖြင့် ၄၅ မိနစ်လောက်တော့ ပေးသင့်တယ်။ ပြီးတော့ တမိနစ်နှစ်မိလောက် လွန်သွားရင်တောင် အမည်ပျက်လုပ်ဆိုတာကတော့ ပြည်သူ့အစိုးရအနေနဲ့ မလုပ်သင့်ဘူးလို့ ထင်တယ်” လို့ ပြောပါတယ်။
ကျနော်တို့ ဗကသကျောင်းသားတွေအနေနဲ့ ပြည်သူ့အကျိုး၊ ကျောင်းသားအကျိုး ရှိမယ် ဆိုရင် ဘယ်လို အခက်အခဲမျိုးတွေ ရှိနေပါတယ်။ ရှေ့ဆက်ပြီးသံချပ်အဖွဲ့ကို ဦးဆောင် လုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
၁၃၇၉-၁၃၈၀ ပြည့်နှစ် မဟာသင်္ကြန်မှာ သံချပ်အဖွဲ့အနေနဲ့ ဗကသများဦးဆောင်တဲ့ ဟိုထိုးဒီထိုး ရွှေလက်ညိုး၊ ပုသိမ်ကြီးမြို့်နယ်ထဲက ထွီ၊ သဗြွန်း စတဲ့ သံချပ်တွေနဲ့အတူ မုံရွာနဲ့ စစ်ကိုင်းမြို့်က သံချပ်အဖွဲ့တွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။