Home
မြန်မာသတင်း
ချင်းတွင်းသင်္ကြန်တွင် ပြသမည့် သဲပန်းပုများ ထုဆစ် (ရုပ်သံ)
DVB
·
April 8, 2018
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ ပြုလုပ်မယ့် ချင်းတွင်းသင်္ကြန်ပွဲတ်ေအတွင်ား ပြသသွားမယ့် သဲပန်းပုတွေကို ပညာရှင်တွေက ထုဆစ်နေကြပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ မြန်မာသဲပန်းပုပညာရှင်က ပြောပါတယ်။ သဲပန်းပုတွေဟာ သဲနဲ့ရေချည်းသက်သက်ေ ပါင်းစပ်ကာ ထုဆစ်ထားတာဖြစ်ပြီး လေဒဏ်၊ မိုးဒဏ် ခံနိုင်အောင် သာမာန်ကော်ရေဖျန်းတာကလွဲရင် သဲကို မာကြောအောင် တခြားဓာတုဗေဒပစ္စည်းတွေ အသုံးပြုထားတာမရှိဘူးလို့ မြန်မာသဲပန်းပုပညာရှင် ကိုပြည့်ဖြိုးသိန်းက ပြောပါတယ်။ ချင်းတွင်းသင်္ကြန်မှာ ပြသဖို့ သဲပန်းပုထုဆစ်ရာမှာ စင်ကာပူနိုင်ငံက ပညာရှင် နှစ်ဦး နဲ့ မြန်မာနိုင်ငံမှ သဲပန်းပု ပညာရှင်တွေ စုစည်းပြီး ထုဆစ်နေလို့ ဆိုပါတယ်။ လတ်တလောမှာတော့ သဲပန်းပု ၁၃ ခုလောက်ကို ထုဆစ်နေတာဖြစ်ပြီး အချိန်ရလျှင် ရသလို ဒီ့ထက် အရေတွက်များများ ထုဆစ်သွားမယ်လို့ သိရပါတယ်။ လတ်တလောမှာ ထုဆစ်နေတဲ့ သဲပန်းပုရုပ်တုတွေကတော့ တောတွင်းသရုပ်ကို ဖော်ညွှန်းထားတဲ့ ပုံသဏ္ဌာန်တွေ၊ ချင်းတွင်းသင်္ကြန်စာလုံးကို အင်္ဂလိပ်ဘာသာနဲ့ သရုပ်ဖော်ထားတဲ့ ပုံစံတွေ၊ မြန်မာနိုင်ငံမြေပုံ ရုပ်တု၊ ရေသူမရုပ်၊ ဆင်ရုပ်၊ တွတ်ပီနဲ့ မသေးမျှင်ကာတွန်းရုပ်၊ အမျိုးသမီးရုပ်၊ ကလေးငယ်ရုပ် စတာတွေကို ပုံဖော်ထုဆစ်နေပါတယ်။ သဲပန်းပုပညာရပ်ကို အခုလို အများပြည်သူလေ့လာလို့ရအောင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးနိုင်ခြင်းအားဖြင့် လူ့အဖွဲ့စည်းအတွက် အကျိုးရှိစေမယ့် ဗဟုသုတတွေနဲ့ အတုယူဖွယ်ရာတွေ တိုးပွားစေနိုင်တယ်လို့ သဲပန်းပုပညာရှင် ကိုပြည့်ဖြိုးသိန်းက ပြောပါတယ်။ ချင်းတွင်းသင်္ကြန်ကို ဇုန် ၄ ဇုန်ခွဲခြားထားပြီး Paramot၀e ပြကွက်၊ သဲပန်းပု၊ နာဂရိုးရာ ကကွက်တွေ၊ ရှမ်းကကွက်တွေ၊ ဒေသထွက်ကုန်ပြခန်းတွေ၊ ကလေးတွေအတွက် Play Zone တွေ၊ ရေကစားမဏ္ဏပ်တွေနဲ့ ဖျော်ဖြေရေးမဏ္ဍပ်တွေ၊ စားသောက်ဆိုင်တန်းတွေ၊ ချင်းတွင်းမြစ်အတွင်း ရေကစားရာနေရာများ စသဖြင့် နေရာအသီးသီးခွဲခြားထားပါတယ်။ ချင်းတွင်းသင်္ကြန်ကို ဧပြီ ၁၁ နေ့က စတင်ကာ ၁၇ ရက်နေ့အထိ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။ သတင်းနှင့်ရုပ်သံ - ရန်နိုင်စိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024