လေ့ကျင့်ရေးကွင်းတွင် ဘိုင်စကယ်ကစ်ဖြင့် ဂိုးသွင်းယူပြခဲ့သည့် ရော်နယ်ဒို (ရုပ်သံ)

ဂျူဗင်​တပ်​စ်​အသင်းနဲ့ ချန်​ပီယံလိဂ်​ကွာတားဖိုင်​နယ် ​ပထမအ​ကျော့မှာ ဘိုင်​စကယ်​ကန်​ချက်​နဲ့ ဂိုးသွင်းယူနိုင်​ခဲ့တဲ့ ရီးရဲမက်​ဒရစ်​တိုက်​စစ်​မှူး ​ရော်​နယ်​ဒိုဟာ အက်သလက်​တီကို အသင်းနဲ့ လာလီဂါပွဲစဉ်​မတိုင်​မီ ​လေ့ကျင့်​​ရေးကွင်းမှာလည်း အဲလိုကစ်​နဲ့ပဲ ဂိုးသွင်းယူပြခဲ့ပြန်​ပါတယ်​။ ​ရော်​နယ်​ဒိုအ​နေအပါအဝင်​ ရီးရဲလ်မက်ဒရစ်​ကစားသမား​တွေဟာ ဖိအားကင်းကင်းနဲ့​ လေ့ကျင့်​ခန်းဆင်း​နေတာဖြစ်​ပြီး​ အက်​သလက်​တီကိုအသင်းကိုသာ အနိုင်ရရှိခဲ့မယ်​ဆိုရင်​ အမှတ်​ကွာဟချက်​က ၁ မှတ်​ပဲရှိ​တော့မှာ ဖြစ်​ပါတယ်​။ ရီးရဲလ်မက်​ဒရစ်​အသင်းအ​နေနဲ့ ချန်​ပီယံလိဂ်​အ​ဝေးကွင်းမှာ ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်​ရရှိထားတဲ့အပြင်​ လာမယ့်ဒုတိယအ​ကျော့ဟာလည်း အိမ်​ကွင်းမှာ လက်​ခံကစားရမှာဖြစ်​လို့ ဆီမီးဖိုင်​နယ်​ကို အလွယ်​တကူတက်​​ရောက်​နိုင်​မယ့် အ​နေအထားမှာ ရှိနေပါတယ်​။ ​ရော်​နယ်​ဒိုဟာ လက်ရှိမှာ​တော့ ရီးရဲလ်မက်​ဒရစ်​အသင်းမှာ အ​ကောင်းဆုံး​ခြေစွမ်းပြ​နေသလို ရာသီအစက ဂိုး​ပေါက်​​ပျောက်​​နေတာကိုလည်း အဆုံးသတ်​နိုင်​ခဲ့ပါတယ်​။ ​နောက်​ဆုံးကစားခဲ့တဲ့ ၂၃ ပွဲမှာ ၂၂ ဂိုးထိ သွင်းယူထားသလို အ​ကောင်းဆုံး​ခြေစွမ်း ပြန်​လည်​ရရှိထားတဲ့​ ရော်​နယ်​ဒိုအ​နေနဲ့ ရာသီအစက အခုနှစ်​အတွက်​ အ​ကောင်းဆုံး​ ဘောလုံးသမားဆုကို လွဲ​ချော်​နိုင်​တယ်​လို့ သုံးသပ်​ခံခဲ့ရတာပဲ ဖြစ်​ပါတယ်​။ ဘာစီလိုနာတိုက်​စစ်​မှူး မက်​ဆီနဲ့ပီအက်​စ်​ဂျီတိုက်​စစ်​မှူး ​နေမာတို့ကို မှတ်​ချက်​​ပေးခဲ့ကြ​ပေမယ့် လက်​ရှိအချိန်​မှာ​တော့ ​ရော်​နယ်​ဒိုဟာ အ​ကောင်းဆုံး​ခြေစွမ်းကို အချိန်​တိုတွင်း ပြန်​လည်​ရရှိခဲ့တာ​ကြောင့် အခုနှစ်​အတွက်​ ကမ္ဘာ့အ​ကောင်းဆုံးဆုဟာလည်း ​ရော်​နယ်​ဒိုအတွက်​သာ ဖြစ်​သင့်တယ်​လို့ သုံးသပ်​​နေကြပါတယ်​။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up