Sunday, June 11, 2023
HomeLead Storyဘော့စ်ဘတ်ကို ဂိုးပြတ်နိုင်ပြီး ၆ နှစ်ဆက် ချန်ပီယံဖြစ်ခဲ့သည့် ဘိုင်ယန်မြူးနစ် (ရုပ်သံ)

ဘော့စ်ဘတ်ကို ဂိုးပြတ်နိုင်ပြီး ၆ နှစ်ဆက် ချန်ပီယံဖြစ်ခဲ့သည့် ဘိုင်ယန်မြူးနစ် (ရုပ်သံ)

မနေ့ညက ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းက အော့စ်ဘက်ကို ဂိုးပြတ် အနိုင်ယူပြီး ပွဲမကုန်ခင်မှာပဲ ၆ နှစ်ဆက် ချန်ပီယံဖြစ်ဖို့ သေချာသွားပါတယ်။

ဂိုးတွေကို

ဒီပွဲမတိုင်ခင်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒုတိယနေရာက ရှော်ကေးအသင်းကို ၁၇ မှတ်အထိ ဖြတ်ထားလို့ သရေရလဒ်ရရုံနဲ့ ချန်ပီယံဖြစ်ဖို့ သေချာစေမယ့် အခွင့်အရေးရှိခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အတွက် ဂျိမ်းရိုဒရီဂွက်ဇ်၊ ရော်ဘင်၊ ၀မ်ဂါနဲ့ ပြိုင်ဘက်ရဲ့ ကိုယ့်ဂိုးကို သွင်းယူမူကနေ ၁ ဂိုး ရခဲ့တာဖြစ်ပါတယ်။

အော့စ်ဘက်အတွက် ချေပဂိုး ၁ ဂိုးကိုတော့ ပွဲချိန် ၃၂ မိနစ်မှာ တိုလစ်ဆိုက သွင်းယူခဲ့တာပါ။

တခြားပွဲစဉ်မှာတော့ ဒုတိယနေရာက ရှော်ကေးအသင်းက ဟမ်းဘက်ကို ၃ ဂိုး၂ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။

ဘွန်ဒက်စ်လီဂါပွဲစဉ်ပြီးဆုံးဖို့ ၅ ပွဲအလိုမှာ ဘိုင်ယန်မြူးနစ်က ရှော်ကေးအသင်းကို အမှတ် ၂၀ အထိဖြတ်ထားလို့ ပွဲမပြီးခင်မှာပဲ ချန်ပီယံအဖြေထွက်ခဲ့တာ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular