Home
မြန်မာသတင်း
တိုင်းရင်းသားများ စုပေါင်း၍ ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲ ကျင်းပမည်
DVB
·
April 7, 2018
  မွန်ပြည်နယ် သထုံခရိုင်အတွင်းက မွန်၊ ကရင်၊ ပအိုဝ်း၊ ရခိုင် စတဲ့ တိုင်းရင်းသားတွေ စုပေါင်းပြီး သင်္ကြန်အကြိုနေ့မှာ ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲကို ရွှေစာရံစေတီတော်မှာ ပထမအကြိမ် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေအနေနဲ့ နှစ်စဉ်သင်္ကြန်ကာလရောက်တိုင်း သင်္ကြန်အကြိုနေ့မှာ နံ့သာသွေးပွဲပြုလုပ်ပြီး ရရှိလာတဲ့ နံ့သာရည်တွေနဲ့ ဘုရားရုပ်ပွားတော်မြတ်တွေကို ရေသန့်စင်ပြီး ပက်ဖျန်းလှူဒါန်းမှု ပြုလုပ်ပြီးမှသာ အတာသင်္ကြန်ပွဲတော်ကို ဆက်လက်ကျင်းပ ဆင်နွှဲကြတာလည်း ဖြစ်ပါတယ်။ “အခုလို တစ်ခြားတိုင်းရင်းသားတွေပါဝင်တဲ့ ရခိုင်ရိုးရာနံ့သာသွေးပွဲကို ကျင်းပပြုလုပ်ခွင့်ရတဲ့အတွက်လည်း အဲဒီမှာရှိကြတဲ့ မွန်၊ ကရင်၊ ပအိုဝ်း၊ ရခိုင်စတဲ့ တိုင်းရင်းသား ညီအစ်ကိုတွေ စည်းလုံးညီညွတ်မှုရှိစေဖို့ ဖော်ဆောင်ရာလည်းရောက်ပါတယ်” လို့ ရခိုင်တိုင်းရင်းသားများ သာရေး၊ နာရေးအသင်းဥက္ကဋ္ဌ ဦးခင်မောင်ကျော်က ပြောပါတယ်။ ရခိုင်တိုင်းရင်းသားတွေရဲ့ နံ့သာသွေးပွဲပြိုင်ပွဲကို သထုံမြို့ရွှေစာရံစေတီတော်မှာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အဲဒီနောက်မှာတော့ ဘုရားရုပ်ပွားတော်တွေကို နံ့သာရည်တွေနဲ့ ပက်ဖြန်းပူဇော်မှု ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024