Live
Home
မြန်မာသတင်း
လူထုဒေါ်အမာ ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် သံဃာတော်များကို ဆွမ်းကပ်လှူဒါန်း
DVB
·
April 7, 2018
  သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဧပြီ ၇ ရက်နေ့က မန္တလေးမြို့ မြတောင်ကျောင်းတိုက် ရာပြည့်ဗိမာန်တော်မှာ သံဃာတော်တွေကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။ ဆရာမကြီး လူထုဒေါ်အမာဟာ အသက် ၉၂ နှစ်အရွယ်  ၂၀၀၈ ခု ဧပြီ ၇ ရက် မနက် ၈ နာရီ ၃၇ မိနစ်အချိန်က မန္တလေးပြည်သူ့ဆေးရုံကြီးမှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။ သတင်းစာဆရာ စာရေးဆရာမကြီး လူထုဒေါ်အမာကို မန္တလေးမြို့ ဂုန္တန်ရပ်မှာ အဘ ဦးထင်၊ အမိ ဒေါ်စုတို့မှ ၁၉၁၅ ခု၊ နိုဝင်ဘာ ၂၉ ရက် တနင်္လာနေ့က မွေးဖွားခဲ့ပါတယ်။ ။ သတင်းနှင့်ဓာတ်ပုံ - အိမ်ခိုင်မြဲ

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024