အဆိပ်ဖြင့်လုပ်ကြံခံရသူ ရုရှားစပိုင်ဟောင်း အခြေနေကောင်းမွန်လာဟု ဆေးရုံတာဝန်ရှိပြော

  အာရုံကြော ထိခိုက်စေတဲ့ အဆိပ်နဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ ရုရှားစပိုင်ဟောင်း ဆာဂျီ စခရီပါဟာ အခြေအနေ အတော်လေး ကောင်းမွန်လာပြီလို့ ဆေးရုံတာဝန်ရှိသူတဦးက ဧပြီ ၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဆေးဘက်ဆိုင်ရာညွှန်မှူး ခရစ္စတင်း ဘလန်ရှက်က “ပြီးခဲ့တဲ့ ကြာသာပတေးက ယူလီယာ့အခြေအနေ တည်ငြိမ်လာပြီလို့ ကျမပြောခဲ့ပါတယ်။ ယူလီယာက သူ့အနေနဲ့ ကျန်းမာရေး ပြန်ကောင်းလာပြီဖြစ်တဲ့အတွက် ဆေးရုံကဆင်းရမယ့်ရက်ကို စောင့်မျှော်နေ တယ်လို့ ပြောပါတယ်။ သူ့ဖခင် ဆာဂျီ စခရီပါရဲ့ ကျန်းမာရေး အခြေအနေဟာလည်း အတော်လေး တိုးတက်မှုရှိပါတယ်။ စိုးရိမ်ရတဲ့ အနေအထားမရှိတော့ပါဘူး” လို့ ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ရုရှားစပိုင်ဟောင်းဖြစ်သူ ဆာဂျီစခရီပါနဲ့ သမီးဖြစ်သူ ယူလီယာစခရီပါတို့ဟာ ပြီးခဲ့တဲ့ မတ်လ ၄ ရက်က အင်္ဂလန်တောင်ပိုင်း ဆားဘာရီမြို့ ရှော့ပင်းမောတခုရှေ့မှာ အာရုံကြော ထိခိုက်စေတဲ့ အဆိပ်နဲ့ တိုက်ခိုက်ခံခဲ့ရတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up