Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
April 6, 2018
မတ်ပဲ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၄,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၆၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၄၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၅,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၁,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ပဲစင်းငုံနီ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ငွေကျပ် ၃၈,၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၂၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၂,၅၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၆,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ပဲဇီးကွက် မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲဇီးကွက်က ၅၈.၂၅ ပိဿာဝင် တအိတ်ကို ငွေကျပ် ၆၃,၀၀၀ ကျပ်မှ ၆၄,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၆၃,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၈၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၁,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ပဲလွန်းပြာ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲလွန်းပြာက တအိတ်ကို ၄၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၇,၀၀၀ ပေါက်ဈေးရှိပြီး ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၄၉,၅၀၀ ကျပ် ရှိပြီး တအိတ်ကို ၁၂,၉၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၂,၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပဲကြီး မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲကြီးက တအိတ်ကို ငွေကျပ် ၉၅,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၉၆,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် တအိတ်ကို ၁,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ စားအုန်းဆီ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ စားအုန်းဆီက တပိဿာကို ၁,၇၃၀ ကျပ်ရှိပြီး တပိဿာကို ၅ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၁,၇၅၀ ကျပ်ကနေ ၁,၇၆၀ ကျပ် ပေါက်ဈေးရှိပြီး မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၃၀ ကျပ် ဈေးကွားခြားမှု ရှိပါတယ်။ အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ သတင်း - AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024