၂၄ နာရီအတွင်း အဖမ်းခံရန် သမ္မတဟောင်းကို ဘရာဇီးတရားသူကြီး အမိန့်ထုတ်

ဘရာဇီးတရားသူကြီးက သမ္မတဟောင်း လူးဝစ်လူလာဒေဆီလ်ဗာကို လာဘ်စားမှုအတွက် ၂၄ နာရီအတွင်း လာအဖမ်းခံဖို့ ဧပြီ ၅ ရက်နေ့က အမိန့်ထုတ်လိုက်ပါတယ်။ သမ္မတဟောင်း လူးဝစ်လူလာဒေဆီလ်ဗာကို လာဘ်စားမှုအတွက် ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ခံယူရေး ၂၄ နာရီအတွင်း လာအဖမ်းခံဖို့ ဘရာဇီးတရားသူကြီးက ဧပြီ ၅ ရက်နေ့မှာ အမိန့်ထုတ်လိုက်ပါတယ်။ အစိုးရပိုင် ရေနံကုမ္ပဏီ ပေထရိုလီယို ဘရပ်စ်စီလေးရို အဲစ်အေနဲ့ မြေယာကန်ထရိုက်မှာ ကူညီဖို့ အင်ဂျင်နီယာအဖွဲ့တဖွဲ့ဆီက လာဘ်ယူမှုအတွက် စွဲချက်ကို အယူခံတရားရုံးက ဇန်နဝါရီမှာ အတည်ပြုခဲ့တာပါ။ အယူခံအဆင့်အားလုံး တက်ပြီးတဲ့အထိ အဖမ်းမခံရဘဲ လွတ်လွတ်လပ်လပ်နေဖို့ လူလာရဲ့ လျှောက်လဲချက်ကို ဘရာဇီးတရားရုံးချုပ်က ကြာသပတေးနေ့ အစောပိုင်းမှာ ပယ်ချခဲ့တာပါ။ လူလာကတော့ အဂတိလိုက်စားမှု စွဲချက်ဟာ နိုင်ငံရေး စုန်းလိုက်နေတာလို့ ခေါ်ဝေါ် ပြောဆိုခဲ့ပါတယ်။ အောက်တိုဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွင်း ပထမအချီ မဲပေးရာမှာ လူလာဟာ အလွယ်တကူ အနိုင်ရနိုင်တယ်လို့ ထင်မြင်ချက် စစ်တမ်းတွေက ဖော်ပြထားတာပါ။ လက်ရှိ အာဏာရပါတီကတော့ သူ သမ္မတအဖြစ် ပြန်ရွေးကောက်ခံနိုင်မယ့် အခွင့်အလမ်းနဲ့ နိုင်ငံရေးလမ်းကြောင်းကို အဆုံးသတ်မယ့် အလားအလာ ရှိနေပါတယ်။ ပြည်ထောင်စု အခြေခံဥပဒေအရ တရားစီရင်ပြီး တရားသူကြီးက ဆုံးဖြတ်ပြီးမှသာ တရားခံဖြစ်တယ်၊ လူလာကတော့ အခြေခံဥပဒေအရ အပြစ်မရှိသူလို ဆက်ဆံခံရသင့်တယ်လို့ သူ့ရှေ့နေ စရစ်စတီယာနိုဇာနင်က ပြောပါတယ်။ လူလာ တည်ထောင်ခဲ့တဲ့ အလုပ်သမားပါတီကတော့ သူ့ကို ထောက်ခံသူတွေဟာ လူလာ ရွေးကောက်ပွဲ ပြန်ဝင်ခွင့်ရရေး ကာကွယ်ဖို့ လမ်းပေါ်ထွက် ဆန္ဒပြမယ်လို့ ပြောပါတယ်။ သမ္မတလောင်း ကိုယ်စားလှယ်ဟာ ရာဇဝတ်မှု ကျူးလွန်ခဲ့ဖူးရင် ၈ နှစ်အတွင်း ရွေးကောက်ခံရုံးအတွက် ဝင်မပြိုင်ဖို့ ဘရာဇီးဥပဒေက တားမြစ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up