Home
မြန်မာသတင်း
တမူးမြို့တွင် သစ်တောပြုန်းတီးမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆွေးနွေး
DVB
·
April 6, 2018
သစ်ခိုးခုတ်မှုတွေကြောင့် သစ်တောပြုန်းတီးမှုတွေ အပါအ၀င် ဒေသတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဧပြီ ၂ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့  အေဂျီ ဘုရားကျောင်းခန်းမမှာ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲကို တမူး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်လတ်၊ တမူးခရိုင်ဌာနေတိုင်းရင်းသားလူမျိုးများအဖွဲ့ (တီဒီအိုင်အို)မှ တာဝန်ရှိသူတွေနဲ့ ကျေးရွာတချို့က တောင်သူတွေ၊ တမူးမြို့ပေါ်က တိုင်ရင်းသားတွေ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီအလုပ်ရုံဆွေးနွေးပွဲမှာ အငြိမ်းစားသစ်တောအရာရှိ ဦးမြင့်အောင်နဲ့ တီဒီအိုင်အို အဖွဲ့ အတွင်းရေးမှူး ဦးနိုင်မင်းထွန်းတို့က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စတွေကို ဦးဆောင် ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီနောက် ဒေသခံတောင်သူတွေက သစ်ခိုးခုတ်မှုတွေကြောင့် သစ်တောပြုန်းတီးပြီး ရာသီဥတု မမှန်ဖြစ်လာတဲ့ကိစ္စ၊ ရွှေ့ပြောင်းတောင်ယာစနစ်ကို ဖျက်သိမ်းဖို့အတွက် ကျေးရွာတွေကို အတည်တကျ သတ်မှတ်ပေးဖို့ ကိစ္စနဲ့ တမူးမြို့က လယ်ယာမြေတွေ အထွက်နှုန်း ကျဆင်သွားတဲ့ ကိစ္စတွေကို ပြန်လည်တင်ပြခဲ့ကြပါတယ်။ တောင်သူတွေရဲ့ လိုအပ်ချက်တွေနဲ့ပတ်သက်ပြီး တမူးခရိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်လတ်က ပြန်လည်ရှင်းလင်းခဲ့ပြီး လွှတ်တော်မှာ တတ်နိုင်သလောက် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒေသခံတွေအတွက် လိုအပ်နေတဲ့ လောင်စာနဲ့ သစ်၊ ဝါး အသုံးပြုနိုင်ဖို့အတွက် Community သစ်တောထူထောင် စိုက်ပျိုးနိုင်ရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ တမူးခရိုင်ထဲမှာ သစ်တောကြိုးဝိုင်း ၂ ခုရှိပြီး တရားမဝင် သစ်ခိုးခုတ်မှုတွေကြောင့် သစ်တော ပြုန်းတီးလာမှုနဲ့ ရင်ဆိုင်နေရပါတယ်။ သတင်း - ဂေါင်ဂေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024