ဟုမ္မလင်းမြို့အနီးမြေငလျင်လှုပ်
DVB
·
April 5, 2018
မြန်မာနိုင်ငံပြည်တွင်း စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့အနီးမှာ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု မနေ့ညက လှုပ်ရှားသွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၄ ရက် မြန်မာစံတော်ချိန် ၂၁နာရီ ၅၁ မိနစ်၂၃ စက္ကန့် အချိန်မှာ တမူးမြေငလျင်စခန်းမှ အရှေ့မြောက် ၇၅ မိုင်လောက် ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း ဟုမ္မလင်းမြို့ရဲ့ အရှေ့ဘက် ၂၃ မိုင်လောက်အကွာကို ဗဟိုပြုပြီး မြေငလျင်လှုပ်သွားတာလို့ဆိုပါတယ်။