Home
မြန်မာသတင်း
လက်ရှိဘဏ္ဍာနှစ်တွင် ဆေးရုံ၊ ဆေးခန်းအသစ် ဆောက်လုပ်မှုများ ရပ်နားထားမည်
DVB
·
April 4, 2018
လက်ရှိဘဏ္ဍာနှစ်ထဲမှာ ဆေးရုံ၊ ဆေးခန်းတွေ အသစ်ဆောက်တာတွေ ရပ်နားထားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။ ဝန်ထမ်းတွေကို ပေးပို့တဲ့ ၂၀၁၈ ခုနှစ်အတွက် နှစ်သစ်ကူးဆုတောင်းနဲ့ ဆောင်ရွက်မယ့် လုပ်ငန်းတွေအကြောင်းစာမှာ ဖော်ပြထားတာပါ။ ဒီနှစ်အတွင်းမှာ ဆေးရုံ၊ ဆေးခန်း အသစ်ဆောက်တာတွေကို ခဏ ဆိုင်းငံ့ လျှော့ချထားမှာ ဖြစ်ပြီး ဆောက်လက်စ ဆေးရုံ၊ ဆေးခန်းတွေကိုတော့ ရန်ပုံငွေချပေးသွားမှာ ဖြစ်သလို ဝန်ထမ်းအိမ်ရာတွေကို ဦးစားပေး ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ ဆေးနဲ့ ဆေးပစ္စည်းတွေ ဝယ်ယူတာနဲ့ တောင်းခံတဲ့ စနစ်တွေကို အခုထက်ပီပြင်ပြီး အလေအလွင့်နည်းအောင်၊ မပြတ်လပ်ခင် ကြိုမှာတတ်အောင် ထောက်ပံ့ ပို့ဆောင်ပေးနိုင်အောင် လုပ်မယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ ကုသရေးဦးစီးဌာနတို့ကို အမြန်ဆုံးပူးပေါင်းနိုင်ရေး လုပ်ဆောင်နေတယ်လို့လည်း ဝန်ကြီးရဲ့ စာမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ်က သုတေသနရန်ပုံငွေ ကျပ်သန်း တထောင်ခွဲဝေချထားပေးနိုင်ခဲ့ပြီး ဒီနှစ်မှာတော့ ကျပ်သန်း ၂ ထောင်ချထားပေးမယ်လို့ ဆိုပါတယ်။ ဆေးတက္ကသိုလ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ဘက်စုံပူးပေါင်းသင်ရိုးညွှန်းတမ်းကို သုံးပြီး လာမယ့် ဒီဇင်ဘာကစလို့ သင်ကြားနိုင်အောင် စီစဉ်မယ်လို့ ဝန်ကြီးက ဆိုပါတယ်။ မြို့တွေမှာ လိုအပ်တဲ့ အားကစားရုံတွေ အသစ်ဆောက်သွားမှာဖြစ်သလို ကျောင်းသား အားကစားပွဲတွေလုပ်နိုင်ဖို့ ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းနေတယ်လို့လည်း ဖော်ပြထား ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024