Home
မြန်မာသတင်း
သင်္ကြန်ကာလ ရထားခရီးစဉ်တချို့ရပ်နားထားမည်
ပိုင်စိုး
·
April 4, 2018
  သင်္ကြန်ကာလမှာ တချို့ရထားပြေးဆွဲတာတွေကို ရပ်နားထားမှာဖြစ်ပြီး သင်္ကြန်မတိုင်ခင်နဲ့ သင်္ကြန်အပြီးမှာ အထူးရထားတွေ ပြေးဆွဲပေးသွားမယ်လို့ မြန်မာ့မီးရထား တာဝန်ရှိသူတယောက်က ပြောပါတယ်။ ဧပြီလ ၁၄ ရက်ကနေ ၁၆ ရက်အထိ RBE အဲကွန်းရထားတွေအားလုံးကို ရပ်နားထားမှာ ဖြစ်ပါတယ်။မြန်မာ့မီးရထား တိုင်း ၇ သွားလာရေးဌာန မန်နေဂျာ ဦးဇော်လွင်က “သင်္ကြန်မတိုင်ခင်နဲ့ အပြီးမှာပဲသွားတာများတယ်။ ဒါကြောင့် သင်္ကြန်မတိုင်ခင်မှာ အထူးရထားပြေးပေးမယ်။ အပြီးမှာလည်း ပြေးပေးမယ်။ ပုံမှန်ရထားတွေလည်း ရှိနေမှာပါ” လို့ ပြောပါတယ်။ တချို့လူသွားနည်းတဲ့ ခရီးစဉ်တွေကိုတော့ လျှော့ထားတယ်လို့ သူက ပြောပါတယ်။ ဒါကြောင့် ဧပြီလ ၁၄ ရက်ကနေ ၁၆ ရက်အထိ နေပြည်တော်ခရီးစဉ် အမှတ် ၇ အဆန်၊ အမှတ် ၈ အစုန်၊ မော်လမြိုင် ခရီးစဉ် အမှတ် ၃၅ အဆန်၊ အမှတ် ၃၆ အစုန်၊ ပုဂံခရီးစဉ် အမှတ် ၆၁ အဆန်၊ အမှတ် ၆၂ အစုန်၊ ပြည်ခရီးစဉ် အမှတ် ၇၁ အဆန်၊ အမှတ် ၇၂ အစုန်ခရီးစဉ်တွေကို ရပ်နားထားပါတယ်။ မြို့ပတ်ရထားတွေကိုလည်း ဧပြီ ၁၃ ရက်ကနေ ၁၆ ရက်အထိ ခေါက်ရေလျှော့သွားမယ်လို့လည်း ဦးဇော်လွင်က ပြောပါတယ်။ “ပုံမှန်ကတော့ တရက်ကို ခေါက်ရေ ၂၂၀ ပြေးနေပါတယ်။ အဲဒီရက်တွေမှာတော့ ၈၁ ခေါက်ပြေးပါမယ်။ နှစ်ဆန်း ၁ ရက်နေ့ (ဧပြီ ၁၇ ရက်) မှာ ပုံမှန် ပြန်ပြေးပါမယ်” လို့ ပြောပါတယ်။ မြို့ပတ်ရထားတွေကို စီးနင်းနေသူပေါင်း တရက်ကို ၈ သောင်းကနေ ၈ သောင်းခွဲကြားမှာ ရှိတယ်လို့သိရပါတယ်။ အထူးရထားတွေအနေနဲ့ကတော့ ဧပြီ ၁၀ ရက်နေ့မှာ ရန်ကုန်က တစီး၊ မန္တလေးက တစီး၊ ဧပြီ ၁၁ ရက်နေ့ ရန်ကုန်က တစီး၊ မန္တလေးက နေပြည်တော်က တစီး၊ ၁၂ ရက်နေ့မှာ ရန်ကုန်နဲ့ နေပြည်တော်နဲ့ မန္တလေးက တစီးစီ၊ ၁၃ ရက်နေ့မှာ အစုန်အဆန် တစီးစီ ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။ နှစ်ဆန်း ၂ ရက် (ဧပြီ ၁၇ ရက်) မှာတော့ ရန်ကုန်- နေပြည်တော်-မန္တလေးကို ဝန်ထမ်းသီးသန့် အထူးရထား တစီးနဲ့ တခြားခရီးသည်တွေအတွက် အထူးရထား တစီးပြေးဆွဲပြေးမယ်လို့ ဦးဇော်လွင်က ပြောပါတယ်။ ဧပြီ ၁၉ နဲ့ ၂၀ ရက်တွေမှာလည်း အထူးရထားတွေကို အသင့်ထားမှာ ဖြစ်ပြီး လိုအပ်ရင် ပြေးဆွဲပေးသွားဦးမယ်လို့လည်း သူက ဆက်ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024