မန္တလေးလမ်းလျှောက်သင်္ကြန် ဦးရာလူစနစ်ဖြင့် နေရာချထားပေးမည်
DVB
·
April 4, 2018
မန္တလေးမြို့ ကျုံးတောင်ဘက်မှာ ကျင်းပမယ့် လမ်းလျှောက်သင်္ကြန်အတွက် နေရာ ချထားပေးဖို့ မြို့တော်စည်ပင်က စတင်လုပ်ဆောင်နေပါတယ်။
ဦးရာလူစနစ်နဲ့ လျှောက်ထားရမှာဖြစ်ပြီး ပေ ၃၀ အကျယ်ကို ၁၀ သိန်းကျပ်၊ ပေ ၂၀ အကျယ်ကို ၇ သိန်းနဲ့ ၁၀ ပေအကျယ်ကို ၄ သိန်းကျပ် ပေးသွင်းရမယ်လို့ စည်ပင်ကော်မတီဝင်တဦးဖြစ်တဲ့ ဦးကျော်ဇောအောင်ကပြောပါတယ်။
ဒါပေမယ့် ရေစုပ်စက်ဖိုးကိုတော့ မကောက်ခံတော့ဘူးလို့ သိရပါတယ်။ လမ်းလျှောက်သင်္ကြမှာ မိသားစုတွေ၊ ကုမ္ပဏီတွေလည်း ပါဝင်ဆင်နွှဲနိုင်အောင်လို့ လုံခြုံရေးကို တင်းကျပ်စွာ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
လမ်း ၈၀ မှ ၆၆ လမ်းအထိ ၂၆-ဘီ လမ်းတလျှောက်ကို လုံခြုံရေးကင်မရာတွေ တပ်ဆင်နေပြီး လုံခြုံရေးအတွက် ပြင်ဆင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။