ရန်ကုန်မြို့လယ်တွင် မိုးသည်းလေထန်ပြီး သစ်ပင်များပြိုလဲ
DVB
·
April 3, 2018
ရန်ကုန်ရဲ့ မြို့နယ်အတော်များများမှာ ဒီနေ့ ဧပြီ ၃ ရက် မွန်းလွဲပိုင်းက မိုးသည်းထန်ပြီး လေပြင်းတွေ တိုက်ခိုက်တဲ့အတွက် ထိခိုက် ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။
မိုးသည်းလေထန်မှုကြောင့် ကားလမ်းမတွေမှာ ရေလျှံတာတွေ၊ သစ်ပင်တွေကျိုးကျတာနဲ့ အိမ်ခေါင်မိုးတွေ လွင့်စင်ပျက်စီးမှုတွေရှိခဲ့သလို ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားဖြန့်ဖြူး ပေးထားတဲ့ ဓာတ်အားလိုင်းတိုင်တွေပေါ်ကို သစ်ပင်တွေလဲတာတွေ ဖြစ်ပေါ်နေတာကြောင့် ယာယီ ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။
ဒါကြောင့် ဓာတ်အားအမြန်ပြန်လည်ရရှိရေးကို ကြိုးစားဆောင်ရွက်နေကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးထားပါတယ်။
ဓာတ်ပုံ - လွင်မှိုင်း