Home
မြန်မာသတင်း
မြန်မာပြည်တွင် ဖေ့စ်ဘွတ်ခ်အသုံးပြုပြီး ၀ါဒဖြန့်လှုံ့ဆော်မှုများရှိနေဟု ဇူကာဘာ့ဂ်ပြော
DVB
·
April 3, 2018
မြန်မာနိုင်ငံမှာ ၀ါဒဖြန့်လှုံ့ဆော်မှုတွေကို လူမှုကွန်ရက်စာမျက်နှာဖေ့စ်ဘွတ်ခ်ကို အသုံးပြုပြီး တဖက်နဲ့တဖက် ထိခိုက်နစ်နာအောင် အသုံးပြုမှုတွေ ရှိနေတယ်လို့ ဖေ့စ်ဘွတ်ခ်ရဲ့ အမှုဆောင် အရာရှိချုပ် မာ့ခ် ဇူကာဘာ့ဂ်က ပြောပါတယ်။ ဖေ့စ်ဘွတ်ခ်ကို အသုံးပြုပြီး ခုလိုဝါဒဖြန့်တာတွေဟာ ကုမ္ပဏီက အထူးအာရုံစိုက်နေတဲ့ အရေးကိစ္စဖြစ်လာနေတယ်လို့ အမေရိကန်အခြေစိုက် VOX သတင်းဌာနနဲ့ ဧပြီ ၂ ရက်က တွေ့ဆုံမေးမြန်းခန်းတခုမှာ ခုလိုပြောလိုက်တာပါ။ “မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေအပေါ် ကုမ္ပဏီအတွင်းပိုင်းမှာ အများကြီး အာရုံစိုက်နေတယ်လို့ ကျနော်ထင်ပါတယ်” သူကြုံတွေ့ခဲ့ရတဲ့ ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာကနေတဆင့် နှိုးဆော်တဲ့ မက်ဆေ့ခ်ျ တွေ ပျံ့နှံ့ခဲ့မှု အကြောင်းကိုလည်း ဇူကာဘာဂ်က ပြောပြခဲ့ပါတယ်။ “စနေနေ့ တမနက်ကတော့ ကျနော့ဆီ ဖုန်းတခုဝင်လာပါတယ်။ ရိုဟင်ဂျာ ပဋိပက္ခ အခြေအတွေအတွင်း တဖက်နဲ့တဖက် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာစေမယ့် ပြောဆိုရေး သားတာတွေကို မက်ဆင်ဂျာအသုံးပြုပြီး လှုံ့ဆော်ဖြန့်ဖြူးနေကြတယ်ဆိုတာကို တွေ့ ထားတဲ့အကြောင်း ဖုန်းဆက်အသိပေးလာတာ ဖြစ်ပါတယ်။ အဲဒီကိစ္စမှာ ဗုဒ္ဓဘာသာဝင်တွေ ဆူပူအုံကြွမှုတခုဖြစ်လာတော့မယ်၊ ဒါကြောင်မို့ လက်နက်တွေယူဆောင်ပြီး အဲဒီနေရာကို ရောက်အောင်သွားကြပါဆိုတာမျိုး မွတ်ဆလင်တွေကို သတိပေးထားတာမျိုးပါ။ အဲလိုအလားတူလှုံ့ဆော်ဝါဒဖြန့်တာမျိုးကိုပဲ ဗုဒ္ဓဘာသာတွေဘက်ကိုလည်း လုပ် ထားခဲ့တာကို တွေ့ရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် လူတွေဟာ ကျနော်တို့ရဲ့ ဖေ့စ်ဘွတ်ခ်ကို အသုံးပြုပြီးလှုံ့ဆော်မှုတွေ လုပ်နေတာ သိသာပါတယ်။ တွေ့ရှိချက်အရ ဒါ တွေ မပြန့်ပွားအောင်၊ ထိခိုက်နစ်နာမှုတွေ မဖြစ်ခင်မှာ ကျနော်တို့ အချိန်မီပိတ်ဆို့ပြီး ကြိုတင်တားဆီးနိုင်ခဲ့တယ်လို့ထင်ပါတယ်” မြန်မာလို နိုင်ငံမျိုးမှာ ဖေ့စ်ဘွတ်ခ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကျွမ်းကျင်မှုနဲ့ စီမံခန့်ခွဲနိုင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းချိန်မှာတော့ ဇူကာဘတ်ခ်က ဖေ့စ်ဘွတ်ခ်အနေနဲ့ ပိုပြီး ကမ္ဘာဆန်တဲ့ ကုမ္ပဏီတခုဖြစ်လာနေကြောင်း ဖြေခဲ့တာပါ။ "ကျနော်တို့အနေနဲ့ တကမ္ဘာလုံးမှာ ရုံးခွဲတွေရှိပါတယ်။ အဲဒါကြောင့် ကျနော်တို့ အနေနဲ့ ကမ္ဘာအနှံ့ရောက်ရှိပြီးသားပါပဲ” ပြီးခဲ့တဲ့မတ်လကလည်း မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်ခ်အသုံးပြုပြီး အမုန်းတရားဖြန့် ဝေမှုတွေရှိနေကြောင်း ကုလသမဂ္ဂအကြီးတန်းတာဝန်ရှိသူတွေက သတိပေးပြောကြား ခဲ့ပါသေးတယ်။ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် အမုန်းပွားစေမယ့် ပို့စ်တွေတင်လေ့ရှိတဲ့ ဆရာတော် ဦးဝီရသူရဲ့ ဖေ့စ်ဘွတ်ခ် အကောင့်ကိုလည်း ဖေ့စ်ဘွတ်ခ် တာဝန်ရှိ သူတွေက ရုတ်သိမ်းခဲ့ပါတယ်။ ဆရာတော် ဦးဝီရသူဟာ ပြည်တွင်းမှာတော့ အမျိုးသားရေးနဲ့ဘာသာရေးလှုပ်ရှား တက် ကြွသူတဦး အဖြစ်ထင်ရှားသူတဦးဖြစ်ကာ သူ့ရဲ့ အကောင့်မှာလည်း ထောက်ခံ အားပေးတဲ့ ပရိတ်သတ်ထောင်သောင်းချီ ရှိနေသူတဦး ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်ရုံးချုပ်က ကယ်လီဖိုးနီးယားမှာ အခြေစိုက်တယ်ဆိုပေမယ့် အသုံးပြု သူတွေကတော့ အမေရိကန်တနိုင်ငံတည်းတင်မကပဲ တကမ္ဘာလုံးမှာ တိုးပွားနေတာက မတူကွဲပြားတဲ့ လူမှုအသိုင်းအ၀ိုင်းတွေအကြောင်းကို သိရှိနားလည်ပြီး သူတို့နဲ့ ပတ်သက်တဲ့ အရာတွေကို အာရုံစိုက်လုပ်ဆောင်ဖို့ တောက်လျှောက်စိန်ခေါ်နေတာဖြစ်တယ်လို့ ဇူကာဘာ့ဂ်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024