Home
မြန်မာသတင်း
လှည်းကူးတွင် အုတ်တင်ကား ချောင်းထဲထိုးကျ လူ ၃ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ
DVB
·
April 3, 2018
  ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ အုတ်တင်ကားတစီး ချောင်းထဲထိုးကျတိမ်းမှောက်ပြီး လူ ၃ ဦးသေဆုံးကာ  ၁ ဦး ဒဏ်ရာရတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ဧပြီ ၂ ရက်ညနေပိုင်းမှာ  မောင်နိုင်(ခ)ကိုကို(စိစစ်ဆဲ)ဆိုသူ မောင်းနှင်လာတဲ့ ဟီးနိုးထရပ် အုတ်တင်ယာဉ်ဟာ ရန်ကုန်-ပဲခူးလမ်းဆုံအနီးအရောက် ယာဘက် ချောင်းထဲကို ထိုးကျတိမ်းမှောက်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ ယာဉ်ပေါ်ပါ မအိအိခိုင် (၂၂)နှစ်အပါအ၀င် ကျား ၂ ဦးမ၁ဦး စုစုပေါငး  ၃ ဦးတို့ ရေနစ်သေဆုံးသွားခဲ့ပြီး ကျော်သက် (၂၂)နှစ်ကတော့ ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်ရာ ရရှိခဲ့လို့ လှည်းကူးဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။ ကားမောင်းတဲ့ မောင်နိုင်(ခ)ကိုကိုနိုင်ကတော့ ထွက်ပြေးနေပြီး သူ့ကို  လှည်းကူးမြို့မ ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၂၇၉/၂၀၂ (ပေါ့လျော့မှုကြောင့် လူသေမှု/သာမန်နာကျင်စေမှု/ ယာဉ်မဆင်မခြင် မောင်းနှင်မှု/ သတင်းပေးရန်ပျက်ကွက်မှု)တို့နဲ့ အမှုဖွင့်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024