Home
မြန်မာသတင်း
တံတားအစင်း ၇ဝ ကို စစ်ဆေးပေးခဲ့ပြီးဟု ပို့ဆက်ဝန်ကြီးပြော
DVB
·
April 3, 2018
မြန်မာနိုင်ငံတွင်းမှာ တံတားတွေ မတည်ဆောက်မီနဲ့ တည်ဆောက်ပြီး စစ်ဆေးပေးလျက်ရှိရာမှာ  နှစ်နှစ်တာအတွင်း တံတားအစင်း ၇ဝ ကို စစ်ဆေးပေးခဲ့ပြီး ဖြစ်တယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောပါတယ်။ အစိုးရသစ် ၂ နှစ်ပြည့်အဖြစ် နိုင်ငံပိုင်သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။ “ရေကြောင်းတိုင်းတာ စစ်ဆေးပုံထုတ်ခြင်းများကို တံတားများ မတည်ဆောက်မီနဲ့ တည်ဆောက်ပြီး စစ်ဆေးပေးလျက်ရှိရာ နှစ်နှစ်တာအတွင်း တံတားအစင်း ၇ဝ ကို စစ်ဆေးပေးခဲ့ပြီး တွံတေးတူးမြောင်း ကမ်းပါး ထိန်းသိမ်းခြင်းကိုလည်း ၂ဝ၁၈ ခုနှစ်ကနေ ၂ဝ၂၃ ခုနှစ်အထိ စီမံကိန်းစတင်နေပြီ ဖြစ်တယ်။ မန္တလေး ခေတ်မီဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း စတင်လျက်ရှိပြီး ၂ဝ၂ဝ ပြည့်နှစ် အောက်တိုဘာအထိ ဆောင်ရွက်မှာ ဖြစ်ပါတယ်။” ဒါ့အပြင် မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်း ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကို ထုတ်ပြန်ခဲ့ပြီး မြန်မာကုန်သည်သင်္ဘော အက်ဥပဒေကို ပြင်ဆင်တဲ့ဥပဒေ ၂ဝ၁၇ ကိုလည်း နိုင်ငံတော်သမ္မတရုံးကို တင်ပြနိုင်ခဲ့တယ်လို့  ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဟာ နယ်စပ်မြစ်တွေမှာ နိုင်ငံပိုင်မြေ မဆုံးရှုံးစေဖို့နဲ့ ကမ်းတွေမပြိုစေဖို့  မြေထိန်းနံရံများ တည်ဆောက်နေတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ပြည်တွင်းရှိ မြစ်ချောင်းတွေအတွင်း ရေလမ်းညွှန်အမှတ်အသားတွေ ချထားတာ ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ်တွေမှာ တံစုန်းနုတ်တာ၊ ဧရာဝတီမြစ်အတွင်း ရေလမ်းကြောင်း ကောင်းမွန်အောင် ကမ်းပြိုကာကွယ်ရေးနဲ့ မြစ်ရေတင်စက်တွေ ရေရရှိရေးနဲ့ သောင်တူးဖော်တာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ Photo : The Mirror Daily
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024