Home
မြန်မာသတင်း
အန်အယ်လ်ဒီ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ ဆွီဒင်သွားမည်
DVB
·
June 4, 2012
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဆွီဒင်နိုင်ငံကို လေ့လာရေး ခရီးအဖြစ်  မနက်ဖြန် မနက်မှာ ရန်ကုန်ကနေ စတင် ထွက်ခွာဖို့ ရှိနေပါတယ်။ ဆွီဒင်အခြေစိုက် နိုင်ငံတကာ ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ဆီဒါ အဖွဲ့ရဲ့ ဖိတ်ကြားချက် နဲ့ သွားရောက်တာဖြစ်ပြီး ခရီးစဉ် ၈ ရက်လောက်ကြာမယ့် အကြောင်းနဲ့ ဆွီဒင် လွှတ်တော်နဲ့ အမျိုးသမီး အဖွဲ့အစည်းတွေကို သွားရောက်လေ့လာမယ်လို့ ခရီးစဉ်မှာပါတဲ့ အန်အယ်လ်ဒီ မရမ်းကုန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေ၀င်းမြင့်က ပြောပါတယ်။ ဒီခရီးစဉ်မှာ အန်အယ်လ်ဒီ လွှတ်တော် အမတ်တွေဖြစ် တဲ့ ဒေါက်တာမေ၀င်းမြင့်၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါက်တာဒေါ်သန်းငွေ၊ ဒေါ်စန္ဒာမင်း၊ ဒေါက်တာ လှမြတ်သွေးတို့ ၅ ဦးအပါအ၀င် တခြား တိုင်းရင်းသားပါတီတွေက ၄ ဦးနဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၅ ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦး လိုက်ပါသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လွှတ်တော်အစည်းအဝေးတွေ ရပ်နားထားချိန်မှာ မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေ အခုလို ပြည်ပလေ့လာရေးခရီးတွေ ဆက်တိုက် သွားရောက်နေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024