Home
မြန်မာသတင်း
ပေါင်မြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်မီးတိုင်များ ပြိုလဲပျက်စီးခဲ့
DVB
·
April 2, 2018
  မွန်ပြည်နယ်၊ ​ပေါင်​မြို့၊ ပေါင်းရပ်​ကွက်​၊ ရန်ကုန်ကုန်-မော်လမြိုင်ကားလမ်းမှာ ဧပြီလ ၂ ရက်နေ့ နေ့လယ်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်ခဲ့မှုကြောင့် လမ်းဘေးဓာတ်မီးတိုင်တွေ ပြိုလဲကျိုးကျခဲ့ပါတယ်။ ဓာတ်တိုင်တွေ ကျိုးကျတဲ့အတွက် ကားလမ်းဘေးရှိ11 KV ဓာတ်အားလိုင်း ၁၀ မီတာ တိုင်အမှတ် ၂ မှ ၁၇ ထိ စုစုပေါင်းဓာတ်တိုင် ၁၆ တိုင်နဲ့ ပေါင်းရပ်ကွက်၊ မီးသတ်လမ်းကြားရှိ ၄၀၀ ဗို့ ဓာတ်အားလိုင်း ဓာတ်တိုင် ၉ တိုင်အပါအဝင် တယ်လီဖုန်းဆက်သွယ်ရေးတိုင် ၅ တိုင်တို့ ကျိုးကျပျက်စီးခဲ့ပါတယ်။ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမိုင်းအောင်နေထွန်းက "ရုတ်တရက်လေကြီးမိုးကြီး ကျတော့ ကားလမ်းဘေးက ဓာတ်တိုင်တွေပါ ကျိုးကျခဲ့တာပါ။ ကရိမ်းကား ၂ စီးနဲ့ ဒီနေ့အမှီ ပြင်လည်ပြင်ဆင်သွားမှာပါ။ လောလောဆယ်တော့ လျှပ်စစ်မီး ခဏဖြတ်တောက်ထားတယ်" လို့ ဒီဗွီဘီကိုပြောပါတယ်။ ဓာတ်တိုင်တွေ ပြိုလဲခဲ့မှုကြောင့် မြို့နယ်လျှပ်စစ်ဝန်ထမ်းတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အနီးအနားရှိပြည်သူလူထုက ယာဉ်လမ်းပိတ်ဆို့မှုမရှိစေရေးအတွက် ဝိုင်းဝန်းကူညီရှင်းလင်းနေကြတာဖြစ်ပါတယ်။ "အခုလိုမီးတိုင်တွေကျိုးလို့ မီးဖြတ်ထားတော့ အစ်မတို့အတွက် ဒီနေ့တော့ အဆင်မပြေ တော့ဘူး။ အစ်မတို့အလုပ်က မီးမရှိရင် အဆင်မပြေဘူးလေ။ မီးစက်နဲ့လုပ်ဖို့ဆိုတာကလည်း ဆီဈေးနဲ့ဘယ်လိုမှတွက်ချေမကိုက်ဘူး။ ဒီညနေမီးပြန်လာမယ်ဆိုရင်တော့ လုပ်ငန်းက ပြန်လည်ပတ်လို့ ရတယ်။ မလာရင်တော့ ဒီနေ့ဖို့ အခက်အခဲတွေရှိလာနိုင်တယ်"လို့ အနီးအနားနေသူတစ်ဦးက ပြောပါတယ်။ မီးတိုင်များပြိုကျပျက်စီးမှုကြောင့် ဓာတ်လိုက်မှု၊ လူထိခိုက်မှုများမရှိကြောင်းနဲ့ ဓာတ်မီးတိုင် တတိုင်ကို ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁ သိန်းနှုန်းရှိကြောင်း မြို့နယ်လျှက်စစ်ရုံးက သိရပါတယ်။ သတင်း=ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024